181

557 61 2
                                    

Uni
======
Hail The King
အပိုင်း(၁၈၁)

ခေါင်းဆောင်နှင့် အရည်ခြင်းလေ့ကျင့်သင်ကြားပေးခြင်းများအပြင် စစ်ဘက်ဆိုင်ရာ အဆောက်ဦးများသည်လည်း ဖှေးအလွန်အာရုံစိုက်ခဲ့သည့် အရာများဖြစ်ကြ၏။

သူ၏ အရင်ဘဝမှ ဖတ်ဖူး၊ TVတွင် မြင်တွေ့ဖူးသည့် အရာများအရ နံရံအမြင့်ကြီးများနှင့် သံဆူးကြိုးအတားဆီးများကို စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးကွင်းတွင် သပ်ရပ်စွာတပ်ဆင်ထားသည်။ သာမန်လေ့ကျင့်ရေးကွင်းအပြင် ဖှေးမည်သူမှ မျှော်လင့်မထားသည့်အန္တရာယ်များလှသည့် လေ့ကျင့်ရေးကွင်းတစ်ခုကိုလည်း ဖန်တီးထား၏။

ဤသည်မှာ မြေအောက်၁၀ကိုက်ခန့်အနက်ရှိသည့် တွင်းတစ်ခုဖြစ်သည်။ နံရံတစ်ဖက်တွင် သေးငယ်သည့် သံမဏိဓာတ်လှေကားတစ်ခုကို တပ်ဆင်ထား၏။ ကြယ်သုံးလုံးအဆင့်မရှိသည့်သူ မည်သူမဆို ထိုဓာတ်လှေကားကိုသုံးကာ အတတ်အဆင်းပြုလုပ်နိုင်သည်။ ထိုမြေအောက်ခန်းထဲတွင် ဖှေး မကောင်းဆိုးဝါးမျိုးစုံကို မွေးမြူထားသည်။

"ဒီမကောင်းဆိုးဝါးတစ်ကောင်ခြင်းစီက ကြယ်တစ်လုံးအဆင့်စွမ်းရည်ရှိတဲ့ စစ်သည်နဲ့ညီမျှတယ်။ နည်းနည်းပိုကြီးပြီးတော့ လက်ထဲမှာ မှော်တောင်ဝှေးကိုင်ထားတဲ့ အကောင်က ကြယ်တစ်လုံးအဆင့်မှော်ဆရာလောက်ပေါ့..ငါတို့တွေ ငါတို့ရဲ့စစ်သည်တွေကို ဒီမကောင်းဆိုးဝါးတွေနဲ့ လုံလုံခြုံခြုံ တိုက်ခိုက်လေ့ကျင့်ပြီး တိုက်ပွဲအတွေ့ကြုံယူနိုင်အောင် စီစဥ်ရလိမ့်မယ်...အဲ့အကောင်အကြီးဆုံးကောင်မသေမခြင်း အဲ့ကောင်က သေသွားတဲ့ ကျန်တဲ့ အကောင်တွေကို သူ့ရဲ့မှော်ပညာနဲ့ ပြန်ပြီးအသက်သွင်းလိမ့်မယ်...အဲ့ကျ မင်းတို့လဲ လုံလုံလောက်လောက်လေ့ကျင့်လို့ရတာပေါ့..." ဖှေး အဓိကခေါင်းဆောင်များဖြစ်ကြသည့် ထောင်မှူးအိုလတ်ဂ်၊ တားရက်စ်ရွှေရောင်သူတော်စဥ် ဒရော့ဂ်ဘာ၊ ကပ်ပရီကွန်းရွှေရောင်သူတော်စဥ် ပီးရာ့စ်တို့ကို ဤနေရာသို့ ခေါ်လာကာရှင်းပြ၏။ လေ့ကျင့်ရေးကွင်းအား အသုံးပြုရမည့်ပုံစံများကို ဂရုတစိုက်ရှင်းပြပေးပြီးနောက်တွင် ဖှေးသူတို့နှင့်အတူ အောက်ဆင်းကာ သူတို့အားလုံးအား ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်လေ့ကျင့်စေသည်။ ဤမကောင်းဆိုးဝါးများအား တစ်ချက်ထဲနဲ့ပင် သတ်ဖြတ်နိုင်သည့်ဖှေးမှာ အနားတွင်ရှိနေသဖြင့် သူတို့အားလုံး အန္တရာယ်ကိုမခံစားရချေ။ ခေါင်းဆောင်များထဲတွင် အသန်မာဆုံးဖြစ်သည့် ပီတာကိုဦးဆောင်တိုက်ခိုက်ပြီးချိန်မှ သူတို့အားလုံးထိုမကောင်းဆိုးဝါးများ၏ သဘောကို ကောင်းစွာနားလည်လာ၏။

Hail the king(1-200)Where stories live. Discover now