Uni
=======
Hail The King
အပိုင်း(၆၄) "ဒိုင်ယာဘလိုကမ္ဘာသို့ ပြန်လည်ဝင်ရောက်ခြင်း"ဖှေး အံ့သြသွားသော်လည်း ဘရွတ်ဆိုလိုသည်ကို ချက်ချင်းနားလည်သွား၏။ ကိုလိုနီနယ်ချဲ့ အုပ်ချုပ်သကဲ့သို့ပင် ဖြစ်သည်။
ဖှေး ခေါင်းငြိမ့်ပြလိုက်ပြီး နောက်မေးခွန်းတစ်ခုအား ဆက်မေးလိုက်သည်။ "ဆက်ပြော ဘရွတ်၊ ဒီစစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးပြိုင်ပွဲမှာ ဘယ်လိုတွေ ယှဥ်ပြိုင်ရတာလဲ..."
"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး...ဇီးနစ်အင်ပါယာရဲ့ထုံးစံအရ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကို ပုံစံနှစ်မျိုးနဲ့ယှဥ်ပြိုင်ရပါတယ်....ပထမပုံစံကတော့ တိုင်းပြည်တွေမှာရှိတဲ့ အသန်မာအစွမ်းထက်ဆုံးပုဂ္ဂိုလ်အခြင်းခြင်း ယှဥ်ပြိုင်တိုက်ခိုက်ရတာပါ.....အဖွဲ့ဝင်နိုင်ငံတွေက သူတို့တိုင်းပြည်မှာရှိတဲ့ အစွမ်းအထက်ဆုံး မှော်ဆရာ ဒါမှမဟုတ် စစ်သည် ၆ယောက်ကို ဝင်ရောက်ပါဝင်ယှဥ်ပြိုင်ခိုင်းလို့ရပါတယ်။ ဒုတိယပုံစံကတော့ တိုင်းပြည်တွေရဲ့ စစ်တပ်ဖွဲ့အခြင်းခြင်းယှဥ်ပြိုင်တိုက်ခိုက်ရတာပါ.....တိုင်းပြည်တိုင်းက သူတို့ရဲ့ ကျွမ်းကျင်စစ်သား ၁၀၀နဲ့ ပွဲစဥ်လေးပွဲ ယှဥ်ပြိုင်တိုက်ခိုက်ရမှာပါ.....စုစုပေါင်းအနေနဲ့ဆိုရင် ပွဲစဥ်၁၀ပွဲ ယှဥ်ပြိုင်တိုက်ခိုက်ရမှာပါ....ပွဲစဥ်အများဆုံးအနိုင်ရတဲ့တိုင်းပြည်က လက်ရှိ အဖွဲ့ဝင်နိုင်ငံအဆင့်မှာ ဆက်လက်တည်ရှိနေနိုင်မှာဖြစ်ပြီးတော့ ပိုပြီးအဆင့်မြင့်တဲ့တိုင်းပြည်တွေကို စိန်ခေါ်ယှဥ်ပြိုင်ကာ သူတို့အဆင့်နေရာကို ရရှိဖို့ အခွင့်လမ်းရရှိမှာလဲဖြစ်ပါတယ်...." ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာအကြံပေးအသစ် ဘရွတ်မှာ ဘုရင်နားမလည်မည်ကို စိုးသဖြင့် အသေးစိတ်ရှင်းပြ၏။
"အော် ဒါဆိုငါတို့အရင်ပြိုင်ပွဲမှာ ယှဥ်ပြိုင်ခဲ့တဲ့အခြေအနေကရော ဘယ်လိုရှိခဲ့လဲကွ...."
ဘရွတ်၏ မျက်နှာမှာ စိတ်ဓာတ်ကျသည့်ပုံပေါက်သွား၏။ ခန်းမဆောင်အတွင်းရှိ တခြားလူများလည်း ခေါင်းများငုံ့ထားလိုက်ကြသည်။ ခန်းမဆောင်အတွင်းရှိလေထုမှာ အေးစက်ပြီး၊ စိတ်ဓာတ်ကျဖွယ်ဖြစ်လာ၏။ ဘရွတ်အသက်ရှူလိုက်ပြီး ပြောလိုက်သည်။ "အရှင်မင်းကြီး ချမ်းဘော့ဒ်က အရင်တုန်းက အဆင့်၄ အဖွဲ့ဝင်နိုင်ငံပါ...တစ်ခြားအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာလဲ လွှမ်းမိုးနိုင်မှုရှိခဲ့ပါတယ်.....ဒါပေမယ့် လွန်ခဲ့တဲ့စစ်ဘက်ဆိုင်ရာလေ့ကျင့် ယှဥ်ပြိုင်ပွဲမှာတုန်းက ကျွန်တော်တို့တွေက သင်္ဘောဧရာတိုင်းပြည်နဲ့ မဟူရာတိုင်းပြည်နှစ်ခုလုံးကို ဆက်တိုက်ရှုံးနိမ့်ပြီးတော့ အဆင့်၆အဖွဲ့ဝင်တိုင်းပြည်အဖြစ်ကျဆင်းသွားခဲ့ရပါတယ်...ကျွန်တော်တို့ လာမယ့် ပြိုင်ပွဲမှာ ဆက်ပြီးရှုံးနိမ့်မယ်ဆိုရင် ချမ်းဘော့ဒ်ရဲ့ တိုင်းပြည်ဆိုတဲ့ ဂုဏ်ပုဒ်ကိုဖြုတ်ကျပြီး ဇီးနစ်အင်ပါယာက ကျွန်တော်တို့တိုင်းပြည်ကို တစ်ခြားအနိုင်ရရှိတဲ့နိုင်ငံအား ဆုလာဘ်အနေနဲ့ ပေးလိုက်တော့မှာဖြစ်ပါတယ်...."
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...