144

612 62 1
                                    

Uni
======
Hail The King
အပိုင်း(၁၄၄)

ဤကဲ့သို့ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေတွင် သွေးအေးသည့် မိန်းမလှလေးမှာ ထက်မံပြုံးလိုက်သည်။ သို့သော် ယခုပြုံးသည်မှာ ယခင်ကကဲ့သို့ မြူဆွယ်သည့် အပြုံးမျိုးမဟုတ်တော့ချေ။ လေညင်းသည် သူမ၏ မျက်နှာဖုံးအား ယူဆောင်သွားသကဲ့သို့ အပြုံးမှာ ပို၍သဘာဝကျကာ စစ်မှန်၏။ မိမိချစ်ရသူထံမှ ငြင်းဆန်ခြင်းခံလိုက်ရသည့် မိန်းကလေးတစ်ယောက်ကဲ့သို့ ပဲရစ်သက်ပြင်းချကာ သူမ၏ နူးညံ့သော လက်ကို ဝှေ့ရမ်းလိုက်သည်။

ထို့နောက်တွင် သူမ၏ အနောက်တွင်ရှိသော လုပ်ကြံသမားမှာ ရှေ့သို့တက်လာပြီး သူမနှင့် ဖှေးတို့အကြားတွင် ဝင်ရပ်လိုက်သည်။

"....."

လုပ်ကြံသူမှာ သူ၏မျက်နှာတွင် ဝတ်ဆင်ထားသည့် မျက်နှာဖုံးအား ချွတ်လိုက်ရာ ခန့်ညားသည့် မျက်နှာတစ်ခုပေါ်ထွက်လာသည်။ ထို့နောက်တွင် သူ၏ လက်ထဲရှိဓားမှာ ပြင်းထန်စွာလှုပ်ရှား တုန်ခါစပြုလာသည်။ ဤဓားသမားမှာ အစွမ်းကုန်ထုတ်သုံးကာ တိုက်ခိုက်တော့မည်ဟူသော အဓိပ်ပါယျပငျ။

"ဟာ..သူက [ပုန်းကွယ်နေသူ နှစ်ယောက်]ထဲက တစ်ယောက်ဖြစ်တဲ့ [နှင်းတောင်၌ ပုန်းကွယ်နေသူ] ဒါနီပဲ....အဆင့်၁ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ နာဒဲကိုတိုင်းပြည်က အကြီးဆုံးမင်းသား...သူက နာဒဲကိုတိုင်းပြည်ပိုင်နက်ထဲမှာရှိတဲ့ နှင်းတောင်တစ်ခုမှာ လေ့ကျင့်နေကြလို့ ကြားဖူးတယ်..သူ့လိုလူမျိုးက ပဲရစ်အတွက် လုပ်ကြံသမားလာလုပ်ပေးနေတယ်ဆိုတာ ငါလုံးဝမယုံနိုင်ဘူး..." တစ်စုံတစ်ယောက်မှာ ဓားသမားအား မှတ်မိလိုက်သည်။

ဖှေးလဲ အံ့သြသွားရ၏။

[ဓားတစ်လက်သူရဲကောင်း]ရောက်လာကာ သူ၏ ရပ်တံ့၍မရသော စွမ်းရည်များကို ပြသပြီး ပွဲမပြီးသေးခင်ထွက်ခွာသွားပြီးနောက်တွင် ဇီးနစ်အင်ပါယာရှိ လူငယ်စစ်သည်များ မှော်ဆရာများထဲမှ ဒုတိယအဆင့်ရှိသည့် လူအား ထက်မံတွေ့ရမည်ဟူ၍ ထင်မထားခဲ့ပေ။

"ငါမင်းနဲ့ မျှမျှတတတိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်တယ်....ရှူံးရင် အသေခံလိုက်မယ်...ဒါမယ့် ငါနိုင်မယ်ဆိုရင်တော့ ပဲရစ်ကို ထွက်သွားခွင့်ပေးလိုက်ပါ..." ဤသည်မှာ [နှင်းတောင်၌ပုန်းကွယ်နေသူ] ပထမဆုံးအကြိမ် စကားပြောလိုက်ခြင်းဖြစ်သည်။ သူ၏ အသံမှာ နက်ရှိုင်းပြီး နန်းဆန်လှသည်။ ဤ ဒါနီဟုခေါ်သော မင်းသားမှာ လူကောငျးတဈယောကျဖွဈသညျကျု ဖှေးလက်ခံရမည်ဖြစ်သည်။ တစ်ခုရှိသည်မှာ ထိုလူ၏မျက်နှာတွင် တစ်စုံတစ်ခုအား စိုးရိမ်ပူပန်နေဟန်ရှိနေခြင်းပင်။

Hail the king(1-200)Where stories live. Discover now