103

611 80 2
                                    

လိုင်းမကောင်းလို့ publishရတာခက်ခဲ

Uni
======
Hail The King
အပိုင်း(၁၀၃)

ထိုအကောင်လေးများသည် ဖှေး၏မျက်လုံးထဲတွင် အလွန်ချစ်စရာကောင်းသလို၊ အလွန်လဲ သေစေနိုင်သည်ကို သူဝန်ခံရမည်ဖြစ်သည်။

ဤငါးဖမ်းကြောင်မှာ ပြူးကျယ်သောမျက်လုံးများနှင့် အမွေးလုံးလေးတစ်လုံးကဲ့သို့ပင်။ သို့သော် အရွယ်ရောက်လာပါက မီတာဝက်ခန့်အရွယ်အစားပင် ကြီးမားလာမည်ဖြစ်ပြီး ရေအောက်မီတာပေါင်းများစွာသို့ ဒိုက်ဗင်ထိုးကာ ငါကြီးများကို အမဲလိုက်နိုင်စွမ်းရှိသည်။ ထို့ကြောင့်ပင် ထိုငါဖမ်းကြောင်အား ရေအောက်လောက၏ ဘုရင်တစ်ပါးဟုပင် ခေါ်ဆိုနိုင်၏။ ထို့အပြင် ရိုးရိုးသာမန်ကြက်တူရွေးနှင့် ဘာမှမကွာသည့် ကြက်တူရွေးတစ်ကောင်လဲရှိသည်။ ထိုကြက်တူရွေးသည် ခြေလေးချောင်းပါရှိကာ ရောင်စုံအမွေးတောင်များဖြင့် ဖုံးလွှမ်းထားပြီး ချွန်ထက်သော နှုတ်သီးရှိသည်။ အင်မတန် ဉာဏ်ကောင်းသည့် မှော်သားရဲအမျိုးစားတစ်ကောင်ဟုပြောကြပြီး ကောင်းမွန်စွာသင်ကြားပေးပါက ကမ္ဘာပေါ်ရှိအမျိုးအနွယ်အားလုံး၏ ဘာသာစကားကိုပင် ပြောနိုင်တတ်သည်။

ထိုအကောင်လေးများမှာ အရောင်သွေးစုံ၊ အမွှေးပွပွနှင့်ချစ်စရာကောင်းလှသည်။ သို့သော် သူတို့အားလုံးသည် သေးသိမ်သည့်ပုံစံရှိပြီး နေရာစိမ်းအားကြောက်ရွံ့နေကြသည်။ သူတို့အား တိုက်ကြွေးသည့် အစားစာမှန်သမျှကို ယုံကြည်စွာမစားသောက်နိုင်ပဲ ငြင်းဆန်နေ၏။

ဖှေးမှာ သူတို့၏ ပါးစပ်အားဖြဲကာ ဆိတ်နို့လောင်းထည့်ရန်ပင် ပြင်နေ၏။

ထိုအချိန်တွင် ဖှေးရုတ်တရက် အကြံတစ်ခုရရှိသွားသည်။ ချည်းကပ်မှုပုံစံအသစ်တမျိုးအနေဖြင့် ဖှေး ဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ ဒဏ္ဍာရီများအရ ဒရူးဇာတ်ကောင်သည် သဘာဝ၏စွမ်းအင်များကို ပိုင်ဆိုင်ထားကြပြီး တိရစ္ဆာန်များ၊ အပင်များဖြင့် အလွယ်တကူ ရင်းနှီးဆက်သွယ်နိုင်ကြသည်။

အသေအချာပင် ဖှေး ဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲပြီးချိန်တွင် မှော်ဆန်ဆန်အရာတစ်ခုဖြစ်ပျက်သွားသည်။

Hail the king(1-200)Where stories live. Discover now