Uni
=====
Hail The King
အပိုင်း(၇၃) "ဘုရင်တစ်ပါး၏ နည်းလမ်းများ"ဖှေး မှော်ဆရာပြောပြသည်များအား နားထောင်ပြီးနောက်တွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးအား သဘောပေါက်သွား၏။
ဒဏ္ဍာရီလာမြေနေရာအဟောင်းများဟု ခေါ်ဆိုကြသောအရာများမှာ ရတနာသိုက်များကဲ့သိုပင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်မှ ကံကောင်းပြီးရှာဖွေတွေ့ရှိခဲ့ပါက နတ်ဘုရားများနှင့် ဘုရားသခင်များလက်ထက်က မှော်ပစ္စည်းများ၊ ကျင့်စဥ်မှော်စာလိပ်များကို ရရှိနိုင်မည်ဖြစ်သည်။ ထိုမှော်ပစ္စည်းများကိုသာ ကောင်းမွန်စွာအသုံးချနိုင်ပါက အကယ်၍ အန်ဟိုဗင်အင်ပါယာမှ ချမ်းဘော့ဒ်တိုင်းပြည်အား စစ်ကြေငြာလိုက်လျှင်ပင် မှုစရာမလိုတော့ပေ။
"ဟုတ်ပြီလေ...မင်းလုံလုံလောက်လောက်ရှင်းပြပြီးသွားပြီ။ အခုအဲ့မြေပုံဘယ်မှာလဲ...ငါ့ကိုပေးတော့...." ဖှေး ပြုံးပြပြီး လက်ဖြန့်ကာတောင်းလိုက်သည်။ "ဆရာအီဗန် ခင်ဗျားပြောတာမှန်ပါတယ်..ကျွန်တော်တို့ပူးပေါင်းဖို့ အခွင်လမ်းတွေအများကြီးရှိတဲ့ပုံပဲ...အမ်.. ဒါပေမယ့်..အဲ့တာတွေမတိုင်ခင် ကျွန်တော့ကိုမြေပုံလေးအရင်ပေးပါလား...ကျွန်တော်စစ်ဆေးကြည့်လို့ရတာပေါ့...ခင်ဗျားပြောနေတာတွေက အလိမ်အညာအတုတွေဆိုဘယ်လိုလုပ်မလဲ...."
"ဟားဟာ...အဟွတ်အဟွတ်... ဟီးဟီး..လူလေးမင်းက ငါ့ကိုစောက်ပိန်းထင်နေတာလား။" မှော်ဆရာမျာသွေးများကို ချောင်းဆိုးလိုက်ပြီး သူ၏မျက်နှာတွင် ရယ်ချင်နေသော အမူအယာတစ်ခုဖြင့်ပြောလိုက်သည်။ "ငါမင်းကို မြေပုံပေးလိုက်တာနဲ့တပြိုင်နက်၊ ငါအလောင်းတစ်လောင်းဖြစ်သွားမှာစိုးတယ်ကွာ....."
ဖှေး လုံးဝပင် ဒေါသဖြစ်မသွားချေ။ ဖှေးမြေပြင်ပေါ်သို့ ငုတ်တုတ်ထိုင်လိုက်ပြီး မှော်ဆရာ၏ ပုခုံးကိုပုတ်ကာ "ဆရာကြီး အီဗန် ကျွန်တော်ဘယ်လိုပ် အဲ့လိုလုပ်ပါ့မလဲဗျ။ ကျွန်တော်ဘုရင်တစ်ပါးအနေနဲ့တောင် စစ်ပွဲနတ်ဘုရားထံမှာ ကျိမ်ဆိုပြီးသွားပြီလေဗျာ။ နောက်ပြီးတော့ ချမ်းဘော့ဒ်မှာဖုံးကွယ်နေတဲ့ ဒဏ္ဍာရီလာမြေကိုရှာဖွေလေ့လာဖို့ဆိုရင် စွမ်းအားကြီးမှော်ဆရာတွေ၊ စစ်သည်တွေရဲ့ အစွမ်းတွေအများကြီးလိုအပ်မှာပေါ့ဗျ။ ခင်ဗျားကို ကျွန်တော်အလိုအပ်ဆုံးပဲလေ....ဟားဟား ကျွန်တော်တို့နှစ်ယောက်လုံး ရည်ရွယ်ချက်အတူတူရှိပြီး တစ်ယောက်အကူညီတစ်ယောက်လိုနေကြတာပဲကိုဗျာ ကျွန်တော်က ဘာလို့ခင်ဗျားကို သတ်ပြစ်ရမှာလဲဗျ......"
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...