163

572 72 12
                                    

Viewနဲ့voteကတော်တော်ကွာတယ်နော်

Uni
======
Hail The King
အပိုင်း(၁၆၃)

"ဟားဟားဟား ကြည့်ပါဦး သူတို့ရဲ့ဘုရင် ပြုတ်ကျပြီး သေတော့မလို့...."

ချမ်းဘော့ဒ် ဘက်မှ ရယ်သံများထွက်ပေါ်လာသည်။ အနောက်ဘက် ကုန်းမြင့်ပေါ်တွင် ရပ်ကြည့်နေကြသော ကလေးများပင် လက်ခုပ်တီးကာရယ်မောနေကြသည်။ အနည်းငယ် စိတ်လှုပ်ရှားနေကြသော စစ်သည်များပင် လက်နက်များထုရိုက်ပြီး အော်ဟစ်ရယ်မောနေကြသည်။ ချမ်းဘော့ဒ်တပ်ဖွဲ့၏ စိတ်ဓာတ်မှာ လျှင်မြန်စွာပင် မြင့်တတ်လာနေ၏။

ဖှေးလည်း တစ်စက္ကန့်မျှ ထိတ်လန့်အံ့သြသွားသည်။

"တော်တယ် တော်တယ်..."

ဖှေး ခွေးကြီး၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ မဟူရာမုန်တိုင်းထံတွင် ဤကဲ့သို့အစွမ်းရှိမှန်း ဖှေးမသိခဲ့ချေ။ ထို့နောက်တွင် သူတွေးလိုက်မိသည်။ တစ်ခြားတိရိစ္ဆာန်များကိုလည်း ဟော့ခ်ဆေးပုလင်းတိုက်ပါက ဤကဲ့သို့သားရဲများ ဖန်တီး နိုင်လိမ့်မည်လားဟု ဖှေးတွေးလိုက်မိသည်။ ခွေးနက်စီးတပ်ဖွဲ့တစ်ခုရော ဖြစ်နိုင်မလားဟုပင်။

"အန္တရာယ်ရှိတယ် ဘုရင်ကို ကာကွယ်ကြ"

သူတို့၏ ဘုရင် မြင်းပေါ်မှပြုတ်ကျသည်ကို တွေ့သောအခါ ချီရှူအီတိုင်းပြည်မှ စစ်သည်များ မျက်နှာပျက်သွားကြသည်။ ရန်သူသည် ဤအခွင့်ရေးကို အသုံးချပြီး ရုတ်တရက်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် စစ်သည်၂၀ခန့်အရှေ့သို့ ပြေးထွက်လာပြီး ခုခံကာကွယ်ခြင်းဖွဲ့စည်းပုံလုပ်ကာ ဘုရင်အား အနောက်သို့ ပြန်ခေါ်သွားကြသည်။ သူတို့ထိုကဲ့သို့ ဖွဲ့စည်းပုံများနှင့် ပို့ဆောငျနကွေသညျကျု ချမ်းဘော့ဒ်ဘက်မှလူများသည် ဟာသကားတစ်ခုကြည့်နေသကဲ့သို့ စိတ်ဝင်စရားဖြင့် ဝိုင်းဝန်းကြည့်ရှူနေကြသည်။

"အား...ဘောပဲကွာ..စတိုက်တော့..သူတျို့တှအေကုနျလုံးကို သတ်ပစ်ကြစမ်း..."
ချီရှူအီဘုရင်မှာ အနီးရှိသူ၏စစ်သည်များကို ဒေါသဖြင့်တွန်းလိုက်သည်။ ထို့နောက်တွင် မီးမှုတ်သားရဲ နောက်တစ်ကောင်အပေါ်သို့ ချက်ချင်းပင်ခုန်တက်လိုက်ပြီး သူ၏ဓားကို ဆွဲထုတ်ကာ ဝှေ့ရမ်းလိုက်သည်။ မီးနတ်ဘုရား သံမဏိတပ်ဖွဲ့သည်လည်း ချမ်းဘော့ဒ်ထံသို့ဦးတည်ကာ တဟုတ်ထိုးစတင် ချီတပ်တော့သည်။ တစ်ချိန်တည်းမှာပင် လှံရှည်များ၊ ဒိုင်းများကိုင်ဆောင်ထားကြသည့် ခြေလျှင်တပ်များလည်း ကြုံးဝါးကာ စတက်ချီတတ်တော့သည်။

Hail the king(1-200)Where stories live. Discover now