140

622 65 2
                                    

Uni
=======
Hail The King
အပိုင်း(၁၄၀)

ဖှေးထိုကဲ့သို့ ပြောပြီးနောက်တွင် ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်ရှိ လူများအားလုံး ထိတ်လန့်ကုန်ကြသည်။

မှော် ထောင်ချောက်များသည် လူတကယရရှိနိုင်သည့် ရိုးရှင်းသည့်အရာများမဟုတ်ကြချေ။ အနည်းဆုံးကြယ်လေးလုံးအဆင့်ရှိသည့် မှော်ဆရာများသာ ဖန်တီးနိုင်ကြသည်။ ထို့အပြင် မှော်စွမ်းအင်များစွာနှင့် တန်ဖိုးကြီးမှော်ပစ္စည်းများစွာလည်း လိုအပ်၏။ မှော်ထောင်ချောက်များ ရှားပါးရသည့် အကြောင်းအရင်းမှာအောင်မြင်စွာ ဖန်တီးနိုင်ချေ နည်းသောကြောင့်ပင်။ သို့ရာတွင် မှော်ထောင်ချောက်တစ်ခု ဖန်တီးပြီးပါက သူ၏စွမ်းအားကိုလည်း လျှော့တွက်၍မရချေ။ အသေချာအသုံးပြုပါက ဖန်တီးသည့်မှော်ဆရာ၏ စွမ်းအားအပြည့်အဝဖြင့် တိုက်ခိုက်သကဲ့သို့ တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။

ဒဏ္ဍာရီများအရ နေ့အဆင့်၊ လအဆင့်စစ်သည်တချို့ပင့် နတ်ဘုရားအဆင့်ရှိ အစွမ်းထက်မှော်ထောင်ချောက်များကြောင့် သေဆုံးခဲ့ဖူးသည်။ ပို၍ရှေးကျသော ပုံပြင်များထဲတွင်လည် နတ်ဘုရားသွေးတစ်ဝက်ပါသောလူများပြုလုပ်ခဲ့ကြသည့် မှော်ထောင်ချောက်များသည် မသေမျိုးနတ်ဘုရားများကိုပင် နတ်ဆိုးနှင့် နတ်ဘုရားစစ်ပွဲအတွင်းတွင် သတ်ဖြတ်ပစ်နိုင်ခဲ့သည်ဟု ရေးသားခဲ့ကြသည်။

"ထောင်ချောက်" ဟုခေါ်သော စကားလုံးတွင် လျို့ဝှက်သော၊ ရက်စက်ကြမ်းကြုတ်သော၊ အလစ်ငိုက်ဖမ်းတတ်သော၊ ရုတ်တရက် ကျရောက်လာတတ်သော စသညျ့အဓိပ်ပါယျမြားစှာပါဝငျနသေညျ။ ပညာရှင်မှော်ဆရာများသည် စိတ်ကူးဖြင့်ပင် မလိုက်နိုင်သော မှော်ထောင်ချောက်အမျိုးစားများစွာကို တီထွင်ခဲ့ကြပြီး အေဇာရုတိုက်ပေါ်တွင် ဖြစ်ပွားခဲ့ကြသော လုပ်ကြံမှုကြီးများတွင် ကိုးခုခန့်သည် မှော်ထောင်ချောက်များ ပါဝင်နေ၏။

ထို့ကြောင့် တောင်ထိပ်တွင် မှော်ထောင်ခြောက်များချထားသည်ဟု ဖှေးပြောလိုက်အပြီးတွင် မင်းသမီးနှင့် ပဲရစ်အပါဝင်လူများအားလုံး ထိတ်လန့်ကုန်ကြသည်။

Hail the king(1-200)Where stories live. Discover now