9

1K 111 1
                                    

Uni
=====
Hail The King
အပိုင်း(၉)

တစ်ချက်ပဲ။

တစ်ချက်ထဲနှင့်ပင် ကြယ်တစ်လုံးအဆင့်ရှိ စစ်သည်မှာ တမန်လွန်ရောက်သွားပြီ ဖြစ်၏။ချမ်းဘော့ဒ် စစ်သည်များနှင့် ရန်သူများမှာ ထိတ်လန့် အံ့သြ ကုန်ကြသည်။ ထိုသူအား လူအရေခြုံထားသော နဂါးတစ်ကောင်ကဲ့သို့ ဝိုင်းကြည့်နေကြသည်။

မကြာသေးခင်က ဆူညံနေသော လက်နက်ခြင်းရိုက်ခတ်သံများနှင့် ကြွေးကြော်သံတို့မှာ ရယ်စရာကောင်းလောက်အောင်ပင် တိတ်ဆိတ်ရပ်တန့်သွားလေသည်။ချမ်းဘော့ဒ် စစ်သားများနှင့် ရန်သူများ အခြင်းခြင်းကြည့်ပြီး အလျှင်အမြန်ပြန်သတိရသွားပြီး တစ်ယောက်နှင့်တစ်ယောက် ပြန်လှည်တိုက်ခိုက် သတ်ဖြတ်ကြတော့သည်။

"ဟားဟား ဒါတကယ် အလုပ်ဖြစ်တယ်ကွ။ ငါတော်တော် ပါးနပ်တဲ့ကောင်ပဲ။" ထိုသူမှာ အားရကျေနပ်စွာရယ်မောနေလေ၏။

............

............

ချမ်းဘော့ဒ် နန်းတော်အနီး နေရာတစ်ခုတွင်ဖြစ်သည်။"ဇူလီ" ဟုခေါ်သော ကျုံးနှင့် မိုင်ဝက်ခန့်အကွာတွင် အမဲရော စစ်တပ်သုံးတဲများ ချမ်းဘော့နန်းတော်အား ထွက်ပေါက်မရှိအောင် ဝိုင်းထားလေသည်။

၄င်းမှာ ရန်သူတို့၏ ဌာနချုပ်ဖြစ်သည်။

ချမ်းဘော့ဒ် မှလူများသည် အမဲရောင်ချပ်ဝတ်နှင့် ရန်သူများဘယ်ကရောက်လာသည်ကို မသိ။လွန်ခဲ့သည့် ၃ရက်က မနက်ပိုင်းမြူစဲသွားသော် အမြန်ချီတပ်လာသော ရန်သူများအား အစောင့်စစ်သားမှ ကံကောင်းထောက်မစွာ တွေ့ရှိခဲ့သည်။ထိုစစ်သားသည် နန်းတော်ဂိတ်တံခါးကို အလျင်မြန်ပိတ်ပြီး ခုခံရန်အချိန်ဆွဲပေးခဲ့သည်။

ကျူးကျော်လာသော် ရန်သူစစ်တပ်တွင် စစ်သည်အင်အားနှစ်ထောင်ခန့်ရှိသည်။

ရုတ်တရက် ဝင်ရောက်စီးနင်းရန် ကျရှုံးပြီးနောက် ဇူလီ ကျုံးဘေးတွင် စခန်းချလိုက်ကြသည်။ကျူးကျော်သူများသည် နံရံများကို နေ့တိုင်းတိုက်ခိုက်ကာ အပြင်လောကနှင့် ချမ်းဘော့ဒ်နိုင်ငံအား အဆက်သွယ်ဖြတ်ထောက်ထားသည်။

Hail the king(1-200)Where stories live. Discover now