72

747 84 2
                                    

Uni
=====
Hail The King
အပိုင်း(၇၂) "ဇစ်မြစ်"

ခနတာတိတ်ဆိတ်အပြီးတွင် မှော်ဆရာ၏ မျက်နှာတွင် အမူအယာမျိုးစုံပေါ်ပေါက်လာခဲ့သည်။ သူရုတ်တရက် သက်ပြင်းချလိုက်ပြီး "လူငယ်လေး မင်းဒီလို သဲလွန်စအနည်းငယ်လောက်ကနေ အမှန်တရားကိုခန့်မှန်းနိုင်တာ တော်တယ်လို့တော့ ငါဝန်ခံရလိမ့်မယ်.......ဒါပေမယ့် ဟီးဟီး...အဲ့တာက ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ အန်ဟိုဗင် အင်ပါယာက မင်းသားဘယ်ထွက်သွားတာလဲဆိုတာမသိပေမယ့် မင်းသားပျောက်နေတယ်လို့သတိထားလိုက်မိတာနဲ့ အန်ဟိုဗင်အင်ပါယာရဲ့ နားတွေကနေ ဘယ်အရာကိုမှဖုန်းကွယ်ထားလို့ရမှာမဟုတ်ဘူး.....မြင်းတစ်ကောင်ပျောက်သွားတယ်ဆိုရင်တောင် အန်ဟိုဗင်အင်ပါယာရဲ့ထောက်လှမ်းရေးတွေက ဘယ်ကိုထွက်သွားတယ်ဆိုတာကို ထောက်လှမ်းနိုင်စွမ်းရှိတယ်...မင်းသားတစ်ပါးနဲ့ သူ့ရဲ့စစ်သည်သုံးထောင်ဘယ်ကိုထွက်သွားလဲဆိုတာကို စုံစမ်းနိုင်ဖို့က ဘာမှခက်ခဲမှာမဟုတ်ဘူး....ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အန်ဟိုဗင်အင်ပါယာကြီးသိသွားရင်တော့ ချမ်းဘော့ဒ်နဲ့ ဇီးနစ်အင်ပါယာတော့ ငရဲကျပြီသာ မှတ်ပေတော့ပဲ....အကုန်သေကုန်ကြတော့မယ်..ဟားဟား"

"မင်း အမေပဲသေမှာကွ ဖျောင်း ဖျောင်း" ဖှေး မှော်ဆရာ၏ မျက်နှာအား နှစ်ချက်ခန့်ဆက်တီးလိုက်သည်။ သွားနှစ်ချောင်းခန့် ကျွတ်ထွက်ကာ လေထဲသို့ လွှင့်စင်သွား၏။ "ဒီမှာအဖိုးကြီး ခင်ဗျားတို့ ဘာကြောင့်ချမ်းဘော့ဒ်ကို လာခဲ့တယ်ဆိုတာကို အမှန်တိုင်းပြောစမ်း...."

မှော်ဆရာ သရော်ပြုံးပြုံးလိုက်သည်။ သူ၏မျက်လုံးထဲတွင် မလိုမုန်းထားသည့်ခံစားချက်များဖြင့် စကားတစ်ခွန်းမှမပြောပဲ အသံတိတ်နေ၏။

"ဟမ် မင်းက ငါ့ရှေ့မှာလာပြီး အကြောလာတင်းပြနေတာပဲ...." ဖှေး ဒေါသဖြစ်သွားကာ ရယ်ပင်ရယ်မိသည်။ "ဟားဟား ဟုတ်ပြီလေ အဖိုးကြီး ခင်ဗျားက သတ္တိကောင်းတဲ့ပုံပဲ...ဒါကိုတောင့်ခံနိုင်ဖို့သာ ပြင်ဆင်ထား...."

ဖှေး သရော်ပြုံးပြုံးပြီး မှော်ဆရာ၏ ခြေထောက်တစ်ဖက်အားကိုင်ဆွဲလိုက်သည်။ ထို့နောက်တွင် ခွန်အားအနည်းငယ်အသုံးပြုပြွး လက်ဖြင့်ညစ်ကာ ခြေထောက်ရိုးကို ချိုးလိုက်၏။ မှော်ဆရာမှာ နာကြင်စွာအော်ဟစ်ပြီး သတိလစ်သွားတော့သည်။ ထို့နောက်တွင် သွေးပုလင်းကို ထုတ်ယူပြီး ကျိုးနေသော ခြေထောက်ပေါ်သို့ ဆေးသက်အနည်းငယ် ပြန်ချပေးလိုက်သည်။ မကြာမှီတွင် မှော်ဆရာအဖိုးကြီးနိုးလာပြီး သူ၏ခြေထောက်ရိုးအား အံ့သြထိတ်လန့်စွာကြည့်လိုက်။ "ငါ...ငါ့အရိုးကပြန်ဆက်သွားပြီလား....ဒါ..ဒါက...."

Hail the king(1-200)Where stories live. Discover now