122

608 71 1
                                    

Uni
======
Hail The King
အပိုင်း(၁၂၂)

ဤအချင်းအရာသာမှန်ကန်ပါက ချမ်းဘော့ဒ်အတွက် ကျင့်စဥ်စာလိပ်ရရှိသည်မှာ ဆောင်းရာသီတွင် ထင်းကောက်သကဲ့သို့ပင် လွယ်ကူနေလိမ့်မည်ဖြစ်သည်။

"ဒါပေမယ့် ဒီကိစ္စကို သေချာသေချာမှလုပ်သင့်တယ်...လောလောဆယ်ချမ်းဘော့ဒ်မှာရှိတာကလဲ ကြယ်တစ်လုံးအဆင့်စာလိပ်ပဲဆိုတော့ ငါမသိတာတွေရှိဦးမှာပဲ..." ရုတ်တရက် ဖှေး၏ မျက်လုံးများ လင်းလက်သွားသည်။ "အာ ဟုတ်သားပဲ ဦးလေး လမ်းပါ့ဒ်က ကြယ်သုံးလုံးစစ်သည်ပဲ...သူက အတွင်းအားလမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ပိုသိမှာပဲ...သူ့ကိုမေးရမယ်..."

ဖှေး ဤအကြောင်းတွေးပြီး မပျော်ရွှင်ပဲ မနေနိုင်ချေ။

သူမက်တပ်ရပ်လိုက်ပြီး ကျောက်တုံးခန်းမအလည်သို့ လမ်းလျှောက်သွား၏။ သူ၏ခန္ဓာကိုယ်ထဲတွင် အတွင်းအားများကိုစီးဆင်းစေလိုက်သည်။ ရုတ်တရက်ပင် သူ၏လက်ကောက်ဝတ်အားနှိမ့်လိုက်ပြီး အောက်သို့ထိုးချလိုက်သည်။

ဟိန်းဟောက်နေသော ကျားတစ်ကောင်၏ဦးခေါင်းသဏ္ဍာန်သည်ဖှေး၏ လက်သီးထိပ်တွင်ပေါ်လာသည်။

"ဖုန်း..."

ပီးရာ့စ်၏ အက်စ်ကာလီဘာဖြင့် နှစ်ခြမ်းခွဲထားသော ကျောက်တုံးမှာ မြေပြင်ပေါ်တွင် အစိတ်အစိတ်အမွာမွာ ကွဲကြေသွားတော့သည်။ အခန်းတစ်ခုလုံး လေပူများဖြင့် ပြည့်နှက်သွား၏။

ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူ၏ အစွမ်းတစ်ဖြစ်သည့် သမန်းကျားရိုက်ချက်ပင်။

ဤအစွမ်းသည် လက်သီးချက်အား အတွင်းအားဖြင့် အစပေါင်းများစွာ မြှင့်တင်ထားဖြစ်သည်။ အဖျက်စွမ်းအားမှာ မယုံနိုင်စရာပင်။

ထို့နောက်တွင် "ဝှစ်ဝှစ်ဝှစ်"

လူတစ်ယောက်၏ ပုံရိပ်ကို ကျောက်တုံးခန်းမအတွင်းတွင် မြင်နေရသည်။ ဖှေး၏ ကြွေကျနေသော ကွယျပှငျ့မြားကဲ့သျု့ဖွဈပွီး သူ၏ခြေများမှာ ဓားသွားများကဲ့သို့ပင်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပင် အမဲရောင်လေဗွေတစ်ခုကဲ့သို့ပြောင်းလဲသွားတော့သည်။ သူ၏လုပ်ရှားမှုများအား လုံးဝမြင်နိုင်စွမ်းမရှိတော့ပေ။ ၁၀စက္ကန့်ခန့်အကြာမှသာ လှုပ်ရှားမှုများငြိမ်သက်သွားသည်။ ခန်းမအတွင်းရှိ ကျောက်ထိုင်ခုံများအားလုံးလည်း အမဲရောင်အမှုန့်များအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။

Hail the king(1-200)Where stories live. Discover now