28

866 99 2
                                    

Uni
======
Hail The King
အပိုင်း(၂၈)

ဖှေး၏ဟိန်းဟောက်လိုက်သံသည် လူပေါင်းများရွာ၏နှလုံးသားထဲသို့ စိုက်ဝင်သွားသော် မြှားများကဲ့သို့ပင်။စစ်သားများစွာမှာ မျက်ရည်ကျသည်အထိပါ စိတ်ထဲတွင်ကြည်နူးမိ၏။

မလှမ်းမကမ်းတွင် မတ်တက်ရပ်နေကြသော ပီးရာ့စ်၊ ဘရွတ်နှင့် လမ်းပါ့ဒ်တို့မှာလည်း ဘုရင်၏စကားကြောင့် စိတ်အားတက်ကြွမိကြ၏။

တစ်ဖက်တွင်လည်း ကွန်းကတစ်ယောက်မှာ သေမတက်ကြောက်လန့်နေပြီဖြစ်သည်။

"မင်းက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ စစ်ဘက်ဆိုင်ရာဥပဒေဆို ငါကရောဘာလဲ..."ဖှေးထက်မံ ဟိန်းဟောက်ကာ မြေပေါ်မှကွန်းကအား ပစ်ကန်လိုက်သည်။ထို့နောက်တွင် ဘရွတ်ဘက်သို့လှည့်ကာ "ငါ့ကိုပြောစမ်းဘရွတ် စစ်ဘက်ဆိုင်ရာ တရားသူကြီး တစ်ယောက်အနေနဲ့ စစ်ပွဲကတိမ်းရှောင်ခြင်း ဘုရင်ကိုဖိဆန်ခြင်း ဥပဒေကိုချိုးဖောက်ခြင်းတို့အတွက် ပြစ်ဒဏ်က ဘာလဲကွ"

"သစ္စာဖောက်မှုလို့ သတ်မှတ်ပြီး သေဒဏ်အပြစ်ပေးရပါလိမ့်မည်။"ဘရွတ်ကလဲ အမှန်အတိုင်းပင် ပြန်ဖြေသည်။

ဖှေးက ရုန်းကုန်နေသောကွန်းကအား ငုံ့ကြည့်ပြီး "ကြားတယ်မလား မင်းဘာပြောချင်သေးလဲ။"ဟုအေးစက်စွာမေးလိုက်၏။

ထိုအရာကိုကြားသော ကွန်းကမှာ အလွန်အမင်းစတင်ကြောက်ရွံ့ပြာယာခက်လာ၏။

ကွန်းကသည် ကြယ်တစ်လုံးကျော်စစ်သည်အဆင့်စွမ်းအားရှိသောကြောင့် ဘရွတ်နှင့် စစ်သားများကို မကြောက်သော်လည်း ချမ်းဘော့ဒ်တိုင်းပြည်၏ နံပါတ်၁စစ်သည် လမ်းပါ့ဒ်ရှိနေသဖြင့် ဘာမှမလုပ်ရဲပေ။ လမ်းပါ့ဒ်သည် သူ့အားတောင်ကြီးတစ်လုံးနှင့် ဖိထားသကဲ့သို့ ဖိအားများစွာပေးနေသလိုပင်။

"တောင်းပန်ပါတယ် အရှင်မင်းကြီး ကျွန်တော်နောက်တစ်ခါမလုပ်တော့ပါဘူး ခွင့်လွှတ်ပေးပါ။"ကွန်းကမှာ အသည်းအသန်တောင်းပန်နေ၏။ သူ၍ယခင်က မာနထောင်လွှားမှုများနှင့် ရန်လိုမှုများမရှိတော့ပေ။ အသက်ရှင်နိုင်ရန်ကိုပင် တောင်းပန်နေ၏။

Hail the king(1-200)Where stories live. Discover now