50

840 100 2
                                    

Uni
======
Hail The King
အပိုင်း(၅၀)

"ဖုန်း"

အနီးကပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။သွေးများ ခြေပြတ်လက်ပြတ်များ နေရာအနှံ့ပြန့်ကျဲကုန်သည်။

ချပ်ဝတ်အပြည့်စုံဝတ်ထားသော လူသန်ကြီးများမှာ ပရန်းပတာဖြစ်နေသော ရန်သူအုပ်ထဲသို့ တိုးဝင်သွားပြီး သူတို့လက်ထဲမှ လက်နက်ကြီးများမှာ စတင်ကခုန်တော့သည်။ရန်သူများသည်တံတားပေါ်မှလွှင့်စင်ကုန်ပြီး အမှိုက်သရိုက်များကဲ့သို့ပင် ရေထဲသို့ပြုတ်ကျကာ ရေစီးနှင့်အတူပါသွားကြတော့သည်။

ဖှေးသည်လည်း အရှိန်လုံးဝမလျှော့ချေ။ သူ၏လက်ထဲမှ ပုဆိန်မှာ သေမင်းသကဲ့သို့ ပြန်လည် သတ်ဖြတ်နေပြီဖြစ်သည်။ ရန်သူ့အရေအတွက်မှာ ပုဆိန်တစ်ချက်ဝှေ့ရမ်းလိုက်သည်နှင့် အတူလျှော့နည်းလာသည်။

ဖှေးသည် ယခုအခါတွင်သူ၏ အမြန်နှုန်းကို ပိုတိုးမြှင့်နိုင်ရန်ကြိုးစားနေသည်။ ပိုမြန်မြန်ဆောင်ရွက်ရန်အာရုံစိုက်ထားသဖြင့် ယခုအခါတွင် အနောက်မှသူ့လူများ အာရုံသိပ်မစိုက်ဖြစ်ပေ။ရန်သူ့ဖွဲ့စည်းပုံအား ဖောက်ထွင်းပြီးနောက်တွင် ဖှေး မြင်သမျှရန်သူများအားအကုန်လိုက်သတ်သည်။ ဖှေးပုဆိန်လက်မှ လွတ်သွားသူများကို ပီးရာ့စ် နှင့်တကွ လူသန်ကြီးများက ရှင်းလင်းရန်တာဝန်ဖြစ်သည်။

ထိုမှသာ ရှေ့သို့ဆက်လက်တိုးဝင်တိုက်ခိုက်ခြင်းမှာ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ သို့သော်လည်း လူသန်ကြီးများမှာ ဖိအားများကိုပိုမိုရင်ဆိုင်လာရပြီဖြစ်သည်။ရန်သူများမှာ ကောင်းမွန်စွာလေ့ကျင့်ထားသည့် စစ်သားများဖြစ်ကြသည်။ အများစုမှာ ကျွမ်းကျင်စစ်သားများဖြစ်ကြပြီး တချို့စစ်သားများဆိုလျှင် အတွင်းအားအနည်းငယ်ကိုပင် အသုံးချပြီး တိုက်ခိုက်နေကြပြီဖြစ်သည်။တနည်းတစ်ဖုံဖြင့် ရန်သူတို့၏တိုက်ခိုက်မှုများအာ လူသန်ကြီးများအတွက် သေစေနိုင်သောတိုက်ခိုက်မှုများဖြစ်သည်။ဝတ်ဆင်ထားသော သံမဏိချပ်ဝတ်များမှာ ဓားအန္တရာယ်မှကာကွယ်ပေးသော်လည်း တိုက်ခိုက်မှုမှလာသော အားများကြောင့် သူတို့ခန္ဓာကိုယ်များတွင် ထုံကိုက်နာကြင်လာသည်ကိုတော့ ခံစားကြရသည်။အချိန်အနည်းငယ်ကြာသောအကြာ ချမ်းဘော့ဒျလူသနျကွီးမြားတခြို့မှာ ဒဏ်ရာအနည်းငယ်ရရှိလာကြသည်။သို့သော်လည်း ရန်သူများများသတ်နိုင်ရန်ကိုသာ အာရုံစိုက်ထားကြ၏။သူတို့၏ ဘုရင်အား မနှောင့်နှေးလိုပေ။ နာကြင်မှုများကိုတာ အံကြိတ်ခံပြီး ဘုရင်အနောက်မှ မပြတ်မကွက် လိုက်ပါတိုက်ခိုက်ကြ၏။

Hail the king(1-200)Where stories live. Discover now