Uni
======
Hail The King
အပိုင်း(၁၄၃)သူ လုပ်ကြံသတ်ဖြတ်သူ ဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထို့နောက်တွင် လမ်းလျှောက်နေရင်း လက်ချောင်းများဖြင့် ထူးဆန်းသည့် ပုံစံများပြုလိုက်သည်။
ပဲရစ်နှင့် ကိုက်၂၀ခန့်အကွာအဝေးသို့ရောက်သောအခါ လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူ၏ စွမ်းအားများကို အပြည့်ဝ ထုတ်လွှတ်လိုက်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများမှာ မြင့်တက်လာပြီး ရပ်တံ့၍မသွားချေ။ ကြီးမားသော စွမ်းအားများသည် ဆူနာမီရေလှိုင်းကြီးတစ်ခုကဲ့သို့ပင် ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံးခံစားလိုက်မိကြသည်။
သူ၏ မျက်လုံးများသည် ပဲရစ်၏ လှပသောမျက်နှာအား တစ်ချက်ကြည့်လိုက်သည်။ သို့သော် ထိုနေရာ၌ပင် မရပ်တံ့သွားချေ။ ပဲရစ်အနောက်ရှိ ဓားကိုင်ထားသည့် လုပ်ကြံသမားအပေါ်သို့ သူ၏ မျက်လုံးများ ကျရောက်သွားသည်။ ဖှေးရယ်မောလိုက်ပြီး "မင်း...မင်းက ဓားသမားတစ်ယောက်ပဲ...မင်းကို ငါမျှတတဲ့ အခွင့်ရေးတစ်ခုပေးမယ်...ဒီကိုက်၂၀ပတ်ဝန်းကျင်မှာ မှော်ထောင်ချောက်တစ်ခုမှမရှိဘူး...တကယ်လို့ မင်းငါ့ကို တစ်ယောက်ခြင်းနိုင်အောင်ချနိုင်မယ် ဆိုရင် ငါမင်းကို အသက်ရှင်ခွင့်ပေးမယ်..."
ထိုအခိုက်တန့်တွင် လူတိုင်း ဖှေးထံမှ တိုက်ပွဲဆာလောင်မှုများကို ခံစားလိုက်ရသည်။
လုပ်ကြံသမားမှာ သူ၏ ဓားကိုတင်းကြပ်စွာ ဆုပ်ကိုင်ရင်း ပဲရစ်ကိုတစ်ချက်ကြည့်လိုက်သည်။
"အလတ်ဇန္ဒား မင်းက တကယ်ပဲ မင်းလူတွေကို လျစ်လျူရှုလိုက်တော့မလို့လား...မင်း ပူးပေါင်းမဆောင်ရွက်ပဲ ထပ်ပြီးအချိန်ဖြုန်းနေဦးမယ်ဆိုရင် မင်းတိုင်းပြည်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်...မင်းလူတွေအကုန်လုံးလဲ အရိုးပုံကြီးဖြစ်သွားလိမ့်မယ်နော်...အဲ့ လူတွေကို ရပ်တံ့ဖို့က ငါ့မိန့်နဲ့မှရမယ်..." ပဲရစ်မျက်နှာ အမူယာအနည်းငယ်ပြောင်းလဲသွားပြီး သူ့အား ခြိမ်းခြောက်လိုက်သည်။
ဖှေး ရယ်လိုက်သည်။ "တချို့လူတွေတော့ သေရင်သေလိမ့်မယ်....ဒါပေမယ့် ငါ့လူတွေတော့မဟုတ်ဘူး..."
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...