86

661 81 2
                                    

Uni
======
Hail The King
အပိုင်း(၈၆) "အရာအားလုံး ငါပဲဖြေရှင်းပေးမယ်"

ခြေနှစ်ချောင်းနှင့် ခလောက်ဆံမြွေဇိုလာသည် ရထားလုံးပေါ်မှရပ်ကာ အေးစက်စွာကြည့်နေသည်။

မြင့်မြတ်သော သူတော်စဥ်တစ်ယောက်ရှိသည့်ရှိထိုက်သည့် သနားကြင်နာမှုအရိပ်ယောင်လုံးဝပင်မရှိချေ။ အုံကြွအုံကြွဖြစ်နေသော လူအုပ်အတွင်းသို့လမ်းကြည့်ပြီးသူပြောလိုက်သည်။ "ဘုရားကျောင်းက လျို့ဝှက်သတင်းပေးချက်တစ်ခုရထားတယ်....မကြာသေးခင်အချိန်က ကျောက်တံတားပေါ်ကတိုက်ပွဲမှာတစ်စုံတစ်ယောက်က အလွန်နှိမ့်ကျတဲ့ အောက်လမ်းမိစ္ဆာပညာပင်တစ်ခုကို အသုံးပြုခဲ့တယ်ဆိုတာပဲ....အခုအဖမ်းခံရတဲ့လူတွေက နတ်ဆိုးနဲ့အပေးယူလုပ်ခဲ့တယ်လို့ ငါအာရုံခံသံသယရှိလို့ပဲ...သူတို့ကိုအသေချာစစ်ဆေးပြီးလို့ မသင်္ကါစရာမရှိဘူးဆို ငါသူတျို့ကိုဘုရားကြောငျးကနေ ငါကိုယ်တိုင်ပြန်လိုက်ပို့ပေးမယ်...."

ဤသည်မှာ ဇိုလာပေးသောအကြောင်းပြချက်ပင်ဖြစ်သည်။

သို့သော်ဤကဲ့သို့ရိုးရှင်းသည်ဟုထင်ရသည့်အကြောင်းပြချက်တစ်ခုသည် လမ်းဘေးနှစ်ဖက်တွင်ရပ်နေကြသော ချမ်းဘော့ဒ်မြို့သူမြို့သားကို ချက်ချင်းပင် အလွန်ထိတ်လန့်သွားစေခဲ့သည်။ တစ်ချို့လူများသည် သူတို့၏ သူငယ်ချင်းများ၊ ဆွေမျိုးများ ပါသွားကြသဖြင့် ငိုကြွေးအသနားခံနေကြသည်။

အေဇာရုတိုက်ပေါ်တွင် မည်မျှရာထူးကြီးမားပြီး မည်မျှချမ်းသာသည်ဖြစ်နေစေကာမူ မဟာဘုရားကျောင်းမှ နတ်ဆိုးနှင့်အပေးယူလုပ်ကြောင်းသက်မှတ်ချင်းခံရပါက သေမင်းအားမင်္ဂါလာပါဟု နှုတ်ခွန်းဆက်လိုက်သကဲ့သို့ပင်။ မဟာဘုရားကျောင်း၏ မီးရှို့ကွပ်ပျက်သောနေရာတွင် ထိုသူအတွက်တစ်နေရာသေချာနေပြီဖြစ်သည်။

ဤသည်မှာ ပုံကြီးချဲ့ပြောနေခြင်းမဟုတ်ပေ.....ထိတ်လန့်စရာကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့ဖူးသည်။

လွန်ခဲ့သည့် နှစ်ပေါင်း၂၀ခန့်က အင်အားကြီး အဆင့်၆ ဒူလင်အင်ပါယာ၏ အင်ပါယာအရှင်သခင် ဘရူနိုသည် လအဆင့်တွင်အမြင့်ဆုံး လပြည့်အဆင့်သို့အသက်၅၀အောက်မှာပင် ရောက်ရှိသွားခဲ့သည်။ တစ်ချို့လူများသည် ဘရူနိုအားနောက်ခြေတစ်လှမ်းလှမ်းလိုက်ပါက နေအဆင့်သို့ပင်ရောက်ရှိတော့မည်ဟုပြောကြသည်။ ထိုအရာများအပြင် ဒူလင်အင်ပါယာတွင် စွမ်းအားကြီးမှော်ဆရာနှင့် စစ်သည်များစွာပါသော စစ်အင်အားအများအပြားလဲရှိသည်။ အေဇာရုတိုက်၏ မြေနေရာထင်ထင်ရှားရှားကိုပိုင်ဆိုင်ထားပြီး တစ်ခြားအင်ပါယာများမှ ၄င်းတို့အား၁၀နှစ်တိုင်အောင်ပင် ဘယ်သူမှရန်စမလာရဲပေ။

Hail the king(1-200)Where stories live. Discover now