180

602 69 1
                                    

Uni
=======
Hail The King
အပိုင်း(၁၈၀)

ဖှေး သူ၏ခေါင်းကိုခါရမ်းလိုက်ပြီး အိုလတ်ဂ်အား စိုက်ကြည့်ရင်း သူ၏ အကြည့်များသည် နူးညံ့သိမ်မွေ့လာသည်။ အိုလတ်ဂ်ဤကဲ့သို့ပြောခြင်းမှာ သူ့ထံတွင် ကောင်းမွန်သောစိတ်ထားရှိသောကြောင့်ဖြစ်ကြောင်း သူသိရှိ၏။ အိုလတ်ဂ်အား သူ၏ဘေးတွင် ယုံကြည်စွာခေါ်ထားခဲ့ခြင်းမှာ မှန်ကန်သည့်အပြုမူဖြစ်ကြောင်းကို ဖှေး ဘစ်ဇားနှင့်တိုက်ခိုက်ခဲ့စဥ်က ခံစားလိုက်မိသည်။

"အေးဆေးပါ ငါလုပ်နေတာကို ငါသိပါတယ်...."

အိုလတ်ဂ်ပြောသည်မှာ မမှားချေ။ ဤသံမဏိတံခါးကြီးအနောက်တွင်ရှိသော နေရာမှာ အလွန်အန္တရာယ်များသည်။ ယခင်ဘုရင်လက်ထက်တွင် လေ့လာရန် ဝင်ရောက်သွားခဲ့သည့် စူးစမ်းရှာဖွေရေးသမားများ တစ်စုံတစ်ယောက်မှ ပြန်လည်ထွက်ခွာလာခြင်းမရှိခဲ့ပေ။ သျို့သောျ ဖှေးတွင်လည်းထိုအထဲသို့ဝင်ကာ သံမဏိတံခါးအနောက်တွင်ရှိနေသည့် အရာများကို လေ့လာကြည့်ရမည့် အကြောင်းပြချက်တစ်ခုရှိ၏။ ဘက်ပေါင်းစုံမှကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်နှင့် ပတ်သက်သော လျို့ဝှက်ချက်များရှိနေမည်မှာ အမှန်အကန်ပင်။ လျို့ဝှက်ဆန်းကျယ်ကာ အထာကျသည့်ပုံပေါက်နေသောလည်း ချမ်းဘော့ဒ်တိုင်းပြည်အတွက် အချိန်မရွေးပေါက်ကွဲနိုင်သည့် မီးတောင်ပေါ်သို့ တက်ထိုင်နေရသကဲ့သို့လည်း ဖြစ်နေ၏။ ထို့ကြောင့်ဖှေးမှာ ဤမီးတောင်၏ ပေါက်ကွဲမှုအကွာအဝေးကို လျှော့ချရမည်လဲ ဖြစ်သည်။

ဖှေး သူ၏အသက်အား ဂရုမစိုက်ပဲ စွန့်စားမည်တော့မဟုတ်ပေ။

ဒိုင်ယာဘလိုကမ္ဘာအခန်း၁ ဖြစ်သည့် [သူပုန်စခန်း]မြေပုံအား အောင်မြင်ပြီးနောက်တွင် သူရရှိခဲ့သည့် ဆုများမှာ ဤအန္တရာယ်များလှသည့် လိုဏ်ဂူဝင်္ကဘာကို လုံခြုံစွာ စူးစမ်းရှာဖွေရန်အတွက် လုံလောက်ပြီဟု သူထင်၏။ ဤသံမဏိတံခါးအနောက်သို့ မသွားမှီသူ အရာတစ်ချို့ကို စီမံခန့်ခွဲရာ စီစဥ်ရဦးမည်ဖြစ်သည်။ ဤစူးစမ်းရှာဖွေမှုမှာ အချိန်ကြာမြင့်မည်ဖြစ်ကြောင်းလဲ ဖှေးရှင်းလင်းစွာ ခံစားမိ၏။ ထို့ကြောင့် သူထွက်ခွာသွားပြီးချိန်တွင်လည်း ချမ်းဘော့ဒ်တိုင်းပြည် ချောမွေ့စွာလှည်ပတ်ရန်အတွက် စီစဥ်ပေးခဲ့ရဦးမည်ဖြစ်သည်။

Hail the king(1-200)Where stories live. Discover now