162

589 63 3
                                    

Uni
=======
Hail The King
အပိုင်း(၁၆၂)

ချမ်းဘော့ဒ် ဘက်မှ တပ်ဖွဲ့၏ ဖွဲ့စည်းပုံမှ စစ်ပွဲနှင့်မသက်ဆိုင်သည့် ပွဲတော်တစ်ခုကျင်းပနေသကဲ့သို့ပင်။

လေးလံသော ချပ်ဝတ်များနှင့် စစ်သည်အယောက်၂၀ ရှိသမျှအားအင်အကုန်အသုံးပြုပြီး မြောက်ဘက်မြစ်ကမ်းတွင် နေရာယူပြီးနောက်တွင် မြင်းလေးကောင်ဆွဲသော လှပစွာအလှဆင်ထားသည့် ရထားလုံး၆လုံးရောက်ရှိလာကြသည်။ ထိုရထားလုံးများပေါ်တွက် ငယ်ရွယ်လှပသည့် မိန်းမပျိုကလေးများလိုက်ပါလာကြသည်။ သူမတို့၏ တခစ်ခစ်ရယ်မောသံများသည် ပူပေါင်းတပ်ဖွဲ့မှ စစ်သည်များအား အသဲယားစေ၏။ သူမတို့၏ နတ်သမီးကဲ့သို့ မျက်နှာများကိုကြည့်ရင်း တစ်ဖက်မှစစ်သည်များ သွားရေတမြားမြားဖြစ်နေကြပြီး ချက်ချင်းပင် တိုက်ရဲခိုက်ရဲသည့် သတ္တိများဝင်ရောက်လာကြသည်။

"အဲ့စောက်ပိန်းဘုရင်က ဘာလဲကွ သူ့ရဲ့ကြင်ယာတော်တွေကိုပါ ခေါ်လာတဲ့သဘောလား...ရှုခင်းကြည့်ထွက်တယ်များထင်နေတာလားမသိဘူး..."

ပူးပေါင်းတပ်ဖွဲ့မှ ဘုရင်များသည် အနည်းငယ်ပါးစပ်အဟောင်းသားဖြစ်သွားရ၏။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်အလတ်ဇန္ဒားသည် ကျပ်မပြည့်သူတစ်ယောက်မှန်းသိသော်လည်း ပုံမှန်ပြန်ဖြစ်သွားပြီဟူ၍လည်း သတင်းကြားသိထားသည်။ သို့သော် ယခုအခြေအနေကိုကြည့်ပါက မိန်းများအား စစ်မြေပြင်သို့ခေါ်ဆောင်လာသည်မှာ ကျပ်မပြည့်သောကြောင့်ပင် ဖြစ်ရမည်ဟု တွေးလိုက်မိကြသည်။ ဤသည်မှာ သေခြင်းတရားအား တောင်းဆိုနေခြင်းပင်။

ပူပေါင်းတပ်ဖွဲ့၏ ဘုရင်များသည် လာမည့်တိုက်ပွဲနှင့်ပတ်သက်ပြီး အနိုင်ရရှိရန်အလွန်ပင် ယုံကြည်ချက်မြင့်မားလာတော့သည်။

သို့သော် သူတို့အား ထက်မံ၍ ပါးစပ်အဟောင်းသားဖြစ်သွားစေပြန်သည်။ နောက်ဖြစ်သည့်အရာသည် ပိုမို၍ပင် ချဲ့ကားလွန်းနေသည်။ ဖွဲ့စည်းပုံအတွင်းတွင် ထို ရထားလှည်းခြောက်စီးပါဝင်ပြီးနောက်တွင် အနောက်မှလိုက်ပါလာကြသည်မှာ အသက်၁၀နှစ်ဝန်းကျင်သာရှိသေးသော ကလေးများတစ်ရာခန့်ပင်။ သူတျို့ရယျမောစကားပွောကာ လမ်းလျှောက်လာကြသည်။ သူတို့၏ ဘေးတွင် ကလေးများအား ကာကွယ်ရန်အစောင့်စစ်သည်အနည်းငယ် ပါရှိ၏။ သူတို့အားလုံးတန်းစီ၍ ချမ်းဘော့ဒ်တပ်ဖွဲ့ဖွဲ့စည်းပုံ၏ အနောက်တွင်ရှိသော ကုန်မြင့်တစ်ခုပေါ်တွင် ရပ်ကာ လည်ပင်များကိုဆန့်တန်း၍ ရန်သူစစ်တပ်ကို စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။

Hail the king(1-200)Where stories live. Discover now