178

592 64 5
                                    

Uni
======
Hail The King
အပိုင်း(၁၇၈)

ဖှေးခေါင်းငြိမ့်ပြလိုက်ပြီး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ ချက်ချင်းပြန်ပြောင်းကာ လက်မှ ထူးဆန်းသည့် သင်္ကေတများစွာကိုပြလုပ်လိုက်ပြီး ထောင်ချောက်နေရာများကိုပြောင်းလဲလိုက်၏။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ မြေအောက်လိုဏ်ဂူထံသို့လှမ်းလျှောက်သွားရင်း မေးလိုက်သည်။ "မင်းအမြင်အရဆိုရင် ဒီတစ်ခေါက်ဖောက်ထွင်းဝင်ရောက်လာသူက ဟိုနေ့အခမ်းနားမစခင်က ဖောက်ထွင်းလာတဲ့လူနဲ့ အတူတူပဲလား...."

ပီတာ လမ်းလျှောက်ရင်း စဥ်းစားကြည့်နေ၏။ ထို့နောက်တွင် ယုံကြည်ချက်ဖြင့် ပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီး ကျွန်တော်တို့က လူနှစ်ယောက်လုံးနဲ့ တိုက်ခိုက်ဖူးပါတယ် ခွန်အားနဲ့ စှမျအငျအမြိုးအစားရဆျိုရငျတော့ လူတစ်ယောက်ထဲပဲ ဖြစ်လောက်တယ်...သူက အရင်တစ်ခေါက်ကထက် ပိုပြီးတော့အစွမ်းထက်လာတဲ့ပုံပဲ...ထူးဆန်းတာတစ်ခုက ဖောက်ထွင်းဝင်ရောက်လာသူက ရန်လိုတဲ့ပုံမရှိဘူး...သူကတစ်ခုခုကိုလိုက်ရှာနေပြီး ဘယ်သူ့ကိုမှ နာကျင်အောင်မလုပ်ချင်တဲ့ပုံပဲ...အဲ့လိုမှမဟုတ်ဘူးဆိုရင်...."

"အဲ့လိုမှမဟုတ်ဘူးဆိုရင် မငျးတျို့တှသေရေငျသေ မသေရင် ဒဏ်ရာအပြင်းထန်ရနေလောက်ပြီမလား...." ဖှေး သူ၏ မေးစေ့ကိုပွတ်လိုက်သည်။ "ဟုတ်တယ် ငါလဲ အဲ့တာကိုသတိထားမိပါတယ်...သူက သူရဲ့တိုက်ခိုက်မှုတွေကို အတော်သတိထားနေတယ် ဘယ်သူ့ကိုမှ နာကြင်အောင်လုပ်ဖို့တော့ အစီစဥ်ရှိပုံမရဘူး...အဲ့တာကြောင့် ငါလဲ သူ့ကိုသေအောင်မတိုက်ပဲ သင်ခန်းစာပေးရုံလောက်တင် တိုက်ခိုက်ခဲ့တာ...တားမြစ်နယ်မြေမှာရှိတဲ့မှော်ထောင်ခြောက်တွေကို ငါပြန်ပြင်ထားလိုက်ပြီး မငျးတျု့တှေ ဂရုစိုက်ပြီး သူတျို့တှကေို မြေအောက်လိုဏ်ဂူထဲကိုလုံးဝမရောက်စေနဲ့ ဟုတ်ပြီလား..."

အမဲရောင်ဝတ်စုံနှင့်လျို့ဝှက်ထူးဆန်းသည့်လူမှာ အဖျက်သဘောဆောင်ပုံမရသဖြင့် ဖှေးအနည်းငယ်တော့ စိတ်အေးစွား၏။

ထိုသူနှင့် အနည်းငယ်တိုက်ခိုက်အပြီးတွင် အချိန်တိုအတွင်းသာဖြစ်သော်လည်း ဖှေးအချက်အလက်များစွာ သတိထားမိလိုက်သည်။ ထိုသူ၏ ရင်းမြစ်ကိုမူ မသိရသေးချေ။ သို့သော် သူ၏ အတွင်းအား တုန့်ပြန်မှုမှာ မဟာဘုရားကျောင်းမှ အသုံးပြုသည့်ပုံနှင့် အနည်းငယ်ဆင်တူသည်။ သို့သော် ဖှေး ချမ်းဘော့ဒ်ရှိ မဟာဘုရားကျောင်းမှ သူတော်စဥ်ဇိုလာနှင့် ကျန်လူများကို သံသယလုံးဝမဖြစ်မိချေ။ ထိုနှစ်ယောက်မှာ ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်နှင့် မိတ်ဆွေဖြစ်ရန်ကို အလွန်စွဲလမ်းနေကြသူများဖြစ်ကြသည်။ ထို့ကြောင့် ဖှေးစိတျဆျိုးစမေညျ့အရာကို လုံးဝပင်လုပ်ရဲကြလိမ့်မည်မဟုတ်ပေ။ သို့သော် ဤလျို့ဝှက်ထူးဆန်းသည့်လူ၏ ဓားမှဖန်တီးခဲ့သော ခရမ်းရောင်ပန်းပွင့်ပုံသဏ္ဍာန်စွမ်းအင်မှာ ဖှေးအား အလွန်အမှတ်ရနေစေသည်။ဤအချက်ကို သူထိုလူအားရှာဖွေရန်အတွက် သဲလွန်စတစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။ အေဇာရုတိုက်တွင် ခရမ်းရောင်စွမ်းအင် အသုံးပြုသူများမှာအလွန်ရှားပါးသောကြောင့်ပင်။ ဤကိစ္စမှာ ဖြေးညင်းစွာ ခြေရာကောက်၍ စုံစမ်းစစ်ဆေးရမည့်ကိစ္စဖြစ်သည်။ ပီတာပြောသည့်ပုံအရ ဤလူမှာ ယခင်ဖောက်ထွင်းဝင်ရောက်လာသူနှင့် အတူတူဖြစ်သောကြောင့် ထူလူသည် ချမ်းဘော့ဒ်တွင်ရောက်ရှိနေသည်မှာ အချိန်အတန်ကြာလောက်ပြီဖြစ်သည်။ ထို့ကြောင့် သဲလွန်စများရှိလိမ့်မည်လဲ ဖြစ်၏။

Hail the king(1-200)Where stories live. Discover now