35

824 101 2
                                    

Uni
=======
Hail The King
အပိုင်း(၃၅)

ဖှေး စိုးရိမ်သွားသဖြင့် ရှေ့တွင်ရှိသော မကောင်းဆိုးဝါးတစ်ကောင်အား ခေါင်းဖြတ်သတ်လိုက်ပြီး အနောက်သို့အမြန်လှည့်ကြည့်လိုက်သည်။အယ်လီနာမှာ မကောင်းဆိုးဝါး များတိုက်ခိုက်ခံနေရခြင်းမဟုတ်ပေ။သို့သော် မလှမ်းမကမ်းရှိ ဂူအတွင်းသို့မလှုပ်မယှက်စိုက်ကြည့်နေသည် သူမ၏လက်များမှာလည်း ထိတ်လန့်စရာတစ်ခုခုကိုတွေ့ထားရသည့်အတိုင်း တုန်လှုပ်နေ၏။ထိုအရာအား စိုက်ကြည့်ရင်း သူမမျက်နှာပေါ်တွင် မျက်ရည်များစီးဆင်းလာခဲ့သည်။

ဖှေးစိုးရိမ်သွားပြီး အယ်လီနာအနားသို့ပြေးသွားသည်။ အနားသို့ရောက်ရှိချိန်တွင် အယ်လီနာစိုက်ကြည့်နေသော အရာမှာ အမျိုးသမီးသူပုန် တစ်ဦး၏ ပုတ်သိုးစပြုနေပြီဖြစ်သော ရုပ်အလောင်းတစ်ခုဖြစ်နေသည်ကို ဖှေးတွေ့လိုက်ရ၏။ထိုရုပ်အလောင်းမှာ အမျိုးသမီးသူပုန်များဝတ်တတ်သည့် လယ်သာချပ်ဝတ်အား ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်များမှာလည်း အယ်လီနာကဲ့သို့ အနီရောင်များပင်ဖြစ်သည်။သို့သော် အသက်အရွယ်အရဆိုလျှင် အယ်လီနာထက် ငယ်ရွယ်ပုံရ၏။သူမသည် အသက်ရှင်နေစဥ်အချိန်က မကောင်းဆိုးဝါးများ၏ နှိတ်စက်ခြင်းအား ပြင်းထန်စွာခံစားခဲ့ရသည်မှာ အသေအချာပင်ဖြစ်သည်။

သူမ၏ ရင်ဘက်မှာ စုတ်ဖြဲထားခြင်းခံရသကဲ့သို့ ပွင့်ဟနေပြီး သူမ၏နှလုံးသားမှာ မရှိတော့ချေ။သူမ၏ ဘယ်ပေါင်တွင် ကြောက်မက်ဖွယ် ကောင်းလောက်သည့် ကုတ်ခြစ်ရာများရှိနေပြီး ညာဘက်ပေါင်မှာ အသားများပျောက်ဆုံးနေပြီ အရိုးများပင်ပေါ်နေသည်။သတ္တဝါတစ်ခုခုမှ ကိုက်စားထားသည့်အတိုင်းပင်။

"အိုးဘုရားရေ သူမက... နီနာပဲ ကျွန်မတို့တွေ [သွေးမြေရိုင်း လွင်ပြင်]မှာ အစာရှာထွက်နေတုန်းက သူမကိုပျောက်ဆုံးသွားခဲ့တာပဲ...."အယ်လီနာမှာ မတ်တပ်ရပ်ရန်ခွန်အားပင် မရှိတော့ချေ ဒူးထောက်ကာ ငိုကြွေးတော့သည်။ "သူမက အခုမှ ၁၈နှစ်ပဲရှိသေးတယ်...အဲ့တာက သူမအတွက် စခန်းကနေထွက်ပြီး တာဝန်ထမ်းဆောင် တာ ပထမဆုံးပဲ။သူမက စခန်းမှာဆိုအလုပ်လဲ ကြိုးစားတယ် အလုပ်ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းပြုံးပြီးတော့ ကျန်တဲ့သူတွေကို အားပေးလေ့ရှိတယ်။ဘာလို့သူမကိုမှ ဒီလိုလာဖြစ်ရတာလဲ ဒီမကောင်းဆိုးဝါးတွေအကုန်သေသင့်တယ်..."

Hail the king(1-200)Where stories live. Discover now