Uni
=======
Hail The King
အပိုင်း(၁၉၀)"ကမ္ဘာ ဗဟိုမီးတောက်လား...."
"အမ်း ဟုတ်တယ်။ သူက နတ်ဆိုးစွမ်းအင်ကို လောင်စာအနေနဲ့အသုံးပြုပြီးလောင်ကျွမ်းတဲ့ ကြောက်မက်ဖွယ်မီးတောက်ပဲ...အဖျက်စွမ်းအားလဲတော်တော်ကြီးတယ်..လူတွေပြောပုံအရဆိုရင်တော့ အဲ့မီးတောက်က ဒီကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကိုလောင်ကျွမ်းနိုင်စွမ်းရှိတယ်...ဒဏ္ဍာအရီတွေအရဆိုရင်တော့ သူပုန်စခန်းအရှေ့ဘက်မှာရှိတဲ့ ပန်ဒီမိုနီယမ်ခံတပ်လို့ခေါ်တဲ့နေရာမှာ မီးမြစ်တစ်ခုရှိတယ်...အဲ့မြစ်က ထာဝရဆက်လက်လောင်ကျွမ်းနေနိုင်တဲ့ ကမ္ဘာ့ဗဟိုမီးတောက်တွေနဲ့ ပြည့်နှက်နေတယ်လေ...မင်းဒီသတ္တုရိုင်းတွေကို ထုလုပ်ချင်တယ်ဆိုရင်တော့ မင်းအဲ့မီးတောက်တွေကို အရင်သွားယူမှရလိမ့်မယ်..."
"ကြားရတာ အတော်ရှုပ်ထွေးလိုက်တာ..."
ဖှေး ပြောနေရင်းဖြင့် အကငြျ့အတျိုငျး သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူမှတ်မိသည့်အတိုင်းဆိုပါက ဒိုင်ယာဘလိုကမ္ဘာတွင် [ပန်ဒီမိုနီယမ်ခံတပ်]ဟုခေါ်သော နေရာတစ်နေရာရှိသည်။ ဤသည်မှာ ရှေ့မှမြေပုံသုံးခုဖြစ်သည့် [သူပုန်စခန်း] [လူ့တ်ဂိုလိမ်မြို့တော်] [ခူရက်စ်ဆိပ်ကမ်း]တို့ကို အောင်မြင်ပြီးနောက်တွင် ဆက်လက်ရောက်ရှိမည့် လေးခုမြောက်မြေပုံနှင့် အခက်ခဲဆုံးသော မြေပုံတစ်ခုလည်းဖြစ်သည်။ ဤမြေပုံတွင်ရှိသော [ငရဲထုလုပ်ခြင်း]ဟုခေါ်သည့် ဒုတိယမြောက်အလုပ်တွင် သူသည် မီးမြစ်ဟုခေါ်သော မြစ်တစ်ခုထံသို့ သွားရမည်ဖြစ်သည်။ ထိုမြစ်သည် မှောင်မဲနေသည့် မြေအောက်ကမ္ဘာတစ်ခုအတွင်းတွင် တည်ရှိနေပြီး နီရဲနေသော ချော်ရည်ပူများဖြင့် ပြည့်နှက်နေ၏။ ထိုချော်ရည်မီးတောက်များသည် အဖိုးကြီးကိန်းပြောသည့် ကမ္ဘာ့ဗဟိုမီးတောက်များ ဖြစ်ပေလိမ့်မည်။ သို့သော် ဖှေးသည် ယခုအခါမှ လူ့တ်ဂိုလိမ်မြို့တော်သို့ ရောက်ခါစသာဖြစ်သောကြောင့် စတုတ္ထမြောက်မြေပုံဖြစ်သည့် ပန်ဒီမိုဒီရမ်ခံတပ်သို့ ရောက်ရှိရန်မှာ အလွန်ခက်ခဲ၍နေသေးသည်။ လျှော့လျှော့ပေါ့ပေါ့တွက်ကြည့်လျှင်ပင် အချိန်တစ်နှစ်ခန့်ပင် လိုဦးမည်ဖြစ်၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...