Uni
=========
Hail The King
အပိုင်း(၁၃၄) "ကြောက်မက်ဖွယ် ဆံပင်အဖြူရောင်နှင့် ဆရာတစ်ပါး"လှပပြီး ကြောက်မက်ဖွယ်ကောင်းသည့် မရဏမုန်တိုင်းတစ်ခု။
ပဲရစ်မှာ စွမ်းအားကြီးသော်လည်း ရိုက်ခတ်မှုမှ ထွက်ပေါ်လာသော အားအရှိန်ကြောင့် အနောက်သို့ တွန်းထုတ်ခြင်းခံလိုက်ရသည်။ သူမသည် အလွန်ဂရုစိုက်တတ်သည့် လူတစ်ယောက်ဖြစ်သော်လည်း ဤဘုရင်ငယ်၏ စွမ်းအားကိုလျှော့တွက်ခဲ့မိကြောင်း ဝန်ခံရလိမ့်မည်။
သူမအနောက်သို့ သစ်ရွက်တစ်ရွက်ကဲ့သို့ တွန်းထုတ်ခံလိုက်ရအပြီးတွင် အစီစဥ်သစ်တစ်ခုကို သူမ၏ စိတ်ထဲတွင် အမြန်တွက်ထုတ်လိုက်သည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သတ်ဖြတ်လိုသည့် ဆန္ဒများပြည့်ဝနေသည့် ဓားနှစ်ချောင်းမှ အလင်းပြန်မှုကိုတွေ့လိုက်ရ၏။ ဤလှပသော မုန်တိုင်း၏ ဖုံးကွယ်မှုအောက်တွင် အစိမ်းရောင် အလင်းနှင့် ခရမ်းရောင်အလင်းတို့မှာ သူမထံသို့ တိုးဝင်လာသည်။ ဓားတစ်ချောင်းမှာ သူမ၏လည်ပင်းကို ချိန်ထားပြီး ကျန်တစ်ချောင်းမှာ သူမ၏နှလုံးသားကို ထိုးဖောက်ရန်ဦးတည်လာ၏။
ပဲရစ် ရုတ်တရက်ကြီးမားသည့် အန္တရာယ်ကိုခံစားလိုက်ရသည်။
ဖှေး ၏ မျက်လုံးများထဲမှ သတ်ဖြတ်ရန်ရည်ရွယ်ချက်မှာ ရုတ်ဝတ္ထုအနေဖြင့် ဖြစ်ပေါ်လာသကဲ့သို့ပင်။ ပဲရစ်၏ အဖြူရောင်အသားပေါ်ဝင် ပစ်မှတ်များစွာကို သက်မှတ်လိုက်သည်။အသက်အန္တရာယ်နှင့်နီးကပ်သွားချိန်တွင် ခံစားရသည့် ကြောက်လန့်စိတ်သည် ပဲရဈ၏အတှေးမြားအားလုံးကျို ရပ်တန့်ပစ်လိုက်သည်။
ဖှေး၏ ဓားများသည် သူမကိုယ်သူမကာကွယ်ရန်ဖန်တီးလိုက်သည့် အစိမ်းရောင်စွမ်းအင်အကာရံများကို ထိုးဖောက်ရောက်ရှိလာသည့်အချိန်တွင် သူမ၏မျက်နှာပေါ်ရှိအမူအယာမှာ လုံးဝပြောင်းလဲသွားတော့သည်။ သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သွားသည့်အမူအယာတစ်ခုနှင့်အတူ တစ်ဖက်သို့လှည့်ပြီး နာမည်တစ်ခုအား အော်ခေါ်လိုက်တော့သည်။
"မာဖီ...."
သူမ၏ အော်သံမဆုံးခင်မှာပင် သူမ၏အရှေ့တွင် လူတစ်ယောက်ပေါ်လာပြီး ဖြေးညင်းစွာ လက်သီးဖြင့်ထိုး တိုက်ခိုက်လိုက်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...