Uni
======
Hail The King
အပိုင်း(၁၁၀)တောင်ဝင်ထီးနန်းတင်မြှောက်ပေးမည့်အဖွဲ့ နေထိုင်ရာနေရာမှ ဖှေးထွက်လာပြီးနောက်တွင် ချမ်းဘော့ဒ် မြို့ပြနှင့် စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းထံသို့ ဦးတည်သွားသည်။ သင်တန်းကျောင်းရှိ အုပ်ချုပ်ရေးကိစ္စရပ်များဖြင့် အလုပ်များနေသော ခေါင်းဆောင်ဘရွတ်နှင့် တွေ့ဆုံရန်ဖြစ်သည်။
မင်းသမီးနှင့် တွေ့ဆုံစဥ်က သူခံစားခဲ့ရသော ဖိအားများသည် ဖှေးအား ပုန်းကွယ်နေသော အန္တရာယ်ရန်စွယ်များကို ပို၍သတိထားမိစေသည်။ ဘာတွေဖြစ်လာတော့မည်ဆိုသည်ကိုကား ဖှေးမသိချေ။ သို့သော် မင်းသမီးတာနာရှာသည် ထိုအန္တရာယ်မှကာကွယ်ရန်အတွက် သတိကြီးကြီးမားမားဖြင့် ပြင်ဆင်နေကြောင်း ဖှေးရိပ်မိခဲ့သည်။
ထို့ကြောင့် ဖှေးလဲ ပြင်ဆင်စရာရှိသည်အား ပြင်ဆင်ရမည်ဖြစ်သည်။
ချမ်းဘော့ဒ်၏ မြို့ပြသင်တန်းကျောင်းမှာ ယခင်ဝန်ကြီးချုပ်ဟောင်းဘစ်ဇား၏ စံအိမ်တွင်တည်ရှိသည်။ ထိုစံအိမ်မှာ ဘုရင့်နန်းတော်ပြီးပါက ချမ်းဘော့ဒ်တွင် အကြီးမားဆုံးအဆောက်ဦးတစ်ခုဖြစ်သည်။ ချမ်းဘော့ဒ်ရှိ ကျန်အဆောက်ဦးများကဲ့သို့ပင် ဤအဆောက်ဦးသည်လည်း နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပုံရ၏။ အဖြူရောင်ကျောက်တုံးတစ်တုံးနှင့် တစ်တုံးအကြားတွင် ရေညှိများတွယ်ကပ်ပေါက်ရောက်နေကြသည်။ အဝါရောင်သစ်နွယ်ပင်များမှာ နံရံများပေါ်တွင် တွယ်ကပ်နေ၏။ အဆောက်ဦးမှာ အဝေးမှကြည့်ပါက တစ်မျိုးလှပနေ၏။
ဖှေး ကလေးများ၏ အသံကို သင်တန်းကျောင်းအပြင်မှပင်ကြားနေရသည်။
အဆောက်ဦးအတွင်းသို့ဝင်ရောက်ပြီး နောက်တွင် လမ်းပါ့ဒ်၏ သင်ကြားပေးမှုအောက်တွက် ကြိုးစားလေ့ကျင့်နေကြသော ကလေးရာပေါင်းများစွာကိုတွေ့လိုက်ရသည်။
ကလေးများသည် အစွမ်းကုန်ကြိုးစားပြီး လေ့ကျင့်နေကြခြင်းဖြစ်သည်။
သူတို့၏ မျက်နှာပေါ်တွင် ချွေးများစီးကျနေပြီး အင်္ကျီများသည်လည်း စိုရွဲနေသည်။ ကလေးတစ်ချို့၏ ခြေထောက်များသည် တုန်ခါနေကြသော်လည်း နာကြင်မှုကို အံကြိတ်ပြီး ဆက်လက်ကြိုးစားလေ့ကျင့်နေကြသည်။ သူတို့အားလုံးသည် သာမန်မြို့သူမြို့သားများ၏ ကလေးများပင်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး လူတန်းစားအဆင့်တန်းများနှင့် ဘဝ၏ခက်ခဲကြမ်းတမ်းပုံများကို နားလည်ထားကြ၏။ ဤကဲ့သို့ ပညာရပ်များကို အလကားသင်ကြားနိုင်သည့်အခွင့်အရေးရသည်မှာပင် သူတို့အတွက်ကံကောင်းလှပြီဖြစ်သည်။ ထို့ကြောင့် သူတို့မိသားစုဘဝကို ပိုမိုအဆင်ပြေစေရန်အတွက် ကလေးများအားလုံးသည် အကောင်းဆုံးကြိုးစားသင်ယူလေ့ကျင့်နေကြသည်။ တစ်ယောက်မှ ချောင်ခိုနေကြခြင်းမရှိပေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...