167

576 53 2
                                    

Uni
=======
Hail The King
အပိုင်း(၁၆၇)

ဇီးနစ်အင်ပါယာ၏ အခြေအနေမှာ ချမ်းဘော့ဒ်၏ လက်ရှိအခြေအနေထက်ပင် ပို၍ဆိုးဝါးလှသည်။

မင်းသမီးချမ်းဘော့ဒ်တွင် နေခဲ့ရသည့်အကြောင်းအရင်မှာ ဘုရင်အလတ်ဇန္ဒားအပေါ်စိတ်ဝင်စားမှုအပြင် သူ့အား သူမဘက်သို့ပါရန်အတွက် စည်းရုံးလို၍လည်းဖြစ်သည်။ ထို့အပြင် ဤဘုရင်ငယ်သည် ပရမ်းပတာဆန်နေသော ချမ်းဘော့ဒ်တိုင်းပြည်အာယ မည်ကဲ့သို့ ပြန်လည်စုစည်းမည်ကိုလည်း သိရှိလို့၍ဖြစ်သည်။ သူမဤခရီးစဥ်မှ တဈစုံတဈခုကျိုသငျယူနိုငျပွီး သူမ၏ အကိုတော် အာရှဗင်အား ထီးနန်းရရှိရန်အတွက် အကူညီပေးနိုင်မည်ဟုမျှော်လင့်နေသည်။

အမှန်တကယ်ပင် လက်တွေ့လောကသည် မင်းသမီးအားစိတ်မပျက်စေခဲ့ပေ။

လဝက်ခန့်သာရှိသေးသော်လည်း ဤဘုရင်ငယ်၏ ထူးဆန်းသည့် အုပ်ချုပ်ရေးစနစ်နှင့် ကြေးစစ်သည်ရုပ်၁၂ရုပ်တို့မှာ မင်းသမီးအား မယုံနိုင်ဖွယ်ပင် အံ့သြစေခဲ့သည်။ ကြေးရုပ်တွင် ရေးထိုးထားသည့်အချက်လက်များမှာ ပြီးပြည့်စုံလွန်းလှသည်။ ၁၈နှစ်ပြည့်ပြီးခါစ လူငယ်တစ်ယောက်၏ အကြံစည်များဖြစ်သည်ဟုပင် ယုံကြည်ရန်မှာ မင်းသမီးအတွက်ခက်ခဲနေခဲ့သည်။ ဤဥပဒေများတွင် အားနည်းချို့ယွင်းချက်များကို သူမရှာမရချေ။ ဤဥပဒေများအား ဇီးနစ်အင်ပါယာသို့ပင် တိုက်ရိုက်ယူဆောင်သွားနိုင်သည်။ သို့သော် ဤအပြောင်းလဲများကို ဇီးနစ်အင်ပါယာတွင် ချက်ချင်းလုပ်ဆောင်လိုက်ပါက အင်ပါယာယရှင်းပင် မကိုင်တွယ်နိုင်သည့် ဆန့်ကျင်မှုများ ထွက်ပေါ်လာနိုင်သည်။

ဤနေရာတွင် မင်းသမီးသည် ဖှေးအား အနည်းငယ်အားကျလျှက်ရှိသည်။ ချမ်းဘော့ဒ်တိုင်းပြည်ငယ်မှာ အပြည့်အဝဖှေး၏ ထိန်းချုပ်မှုအောက်တွင်သာရှိနေသည်။ သူစိတ်ကြိုက် စီမံခန့်ခွဲနိုင်သည်။ ဖှေးသူများ၏ ဓားကို သတ်ဖြတ်ရန်အတွက်အသုံးပြုခဲ့ပြီး အတိုက်ခံဆွေကြီးမျိုးကြီးများကို ရှင်းလင်းခဲ့သည်ကိုလည်း မင်းသမီးသိရှိသည်။ တစ်စုံတစ်ယောက်သည် သူ့အားလျှော့တွက်မိပါက မည်သို့သေလို့သေမှန်းပင်မသိပဲ သေဆုံးသွားနိုင်သည်ဖြစ်သည်။

Hail the king(1-200)Where stories live. Discover now