101

620 77 2
                                    

Uni
=======
Hail The King
အပိုင်း(၁၀၁)

"ကောင်းပြီလေ ဒီအလုပ်အတွက်စီစဥ်စရာရှိတာတွေကို မင်းပဲစီစဥ်လိုက်...."

ဖှေး သူ၏လက်ကိုဝှေ့ရမ်းလိုက်ရာ [အပြစ်အနာဆာရှိ ပတ္တမြားကျောက်မြတ်ရတနာ]နှင့် [သာမန် နီလာကျောက်မြတ်ရတနာ]တို့မှာ ဇိုလာ၏လက်အတွင်းသို့ ပျံသန်းသွားသည်။ "ဒါတွေက အလတ်စားမှော်တလင်းကျောက်နဲ့ ပြီးပြည့်စုံအဆင့် မှော်တလင်းကျောက်တွေပဲ.....စုစုပေါင်းဆိုရင် ၁၁၀၀၀ အဆင့်နှိမ့်မှော်တလင်းကျောက်တွေနဲ့လဲလှည်ရရှိနိုင်မယ်....ငါလိုတာက ၁၀၀၀၀ပဲဲလိုတယ် ကျန်တဲ့အဆင့်နှိမ့်မှော်တလင်းကျောက်၁၀၀၀ကို မင်းတို့ဆုလာဘ်အနေနဲ့ယူထားလိုက်ကြ....."

"အရှင်မင်းကြီးကို ကူညီရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ.....ကျွန်တော်မျိုးတို့ဘာမှပြန်မတောင်းဆို ရဲပါဘူး...." အဆင့်နှိမ့်မှော်တလင်းကျောက် ၁၀၀၀ဆိုသည်မှာ များပြားလှသည့် ပမာဏဖြစ်သော်လဲ ဇိုလာနှင့် လူစီယာနိုတို့လောဘမတက်ရဲကြပေ။

"ငါပေးတဲ့ ဆုလာဘ်ကို ဘယ်သူမှငြင်းဆိုခွင့်မရှိဘူး....." ဖှေး အေးတိအေးစက်အသံဖြင့်ပြောလိုက်သည်။

ဇိုလာနှင့် လူစီယာနိုတို့ တစ်ယောက်နှင့် တစ်ယောက်စက္ကန့်အနည်းငယ်ကြာစိုက်ကြည့်နေကြသည်။ သူတို့၏မျက်လုံးများထဲတွင် ဖုံးကွယ်ထား၍မရသော ပီတိဖြစ်မှုများဖြင့်ပြည့်နှက်နေ၏။ သူတို့နှစ်ယောက်လုံး အလျှင်အမြန်ပင် ဒူးထောက်လိုက်ကြပြီး ဆုလာဘျအတှကျဖှေးကျို ကျေးဇူးတင်စကားပြောလိုက်ကြသည်။

"ဒါပဲလေ ဒီလိုပဲဖြစ်ရမှာပေါ့......" ဖှေး၏ စကားသံမှာ အနည်းငယ်ပျော့ပျောင်းလာသည်။ "မှော်တလင်းကျောက်၁၀၀၀ဆိုတာ မင်းတို့နဲ့ထိုက်တန်တဲ့ဆုလာဘ်ပဲ.....ငါက ငါ့ရဲ့သစ္စာရှိနောက်လိုက်တွေအကုန်လုံးကို ထိုက်ထိုက်တန်တန်ပဲဆုချတယ်....မင်းတို့ဒီတစ်ခေါက်အလုပ်ကို ကောင်းကောင်းမွန်မွန်အောင်အောင်မြင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မင်းတို့ရဲ့မှာရရှိလာမယ့် ဆုလာဘ်တွေကလည်း ထင်ထင်ရှားရှားပဲ တျိုးမွငျ့လာလိမျ့မယျ.....ဒါပေမယ့် မင်းတို့နှစ်ယောက်ငါ့ရဲ့နောက်ကွယ်မှာ မကောင်းတာလုပ်နေမယ်ဆိုရင်တော့ ဟီးဟီး....."

Hail the king(1-200)Where stories live. Discover now