44

843 96 2
                                    

Uni
=====
Hail The King
အပိုင်း(၄၄)

"ဟမ်"

အလတ်ဇန္ဒားတစ်ယောက် ထိုကဲ့သို့တောင်းဆိုမှုမျိုး ပြုလုပ်လာမည်ဟု လမ်းပါ့ဒ်ထင်မထားပေ။ဤကဲ့သို့အန္တရာယ်များလှသည့် အခြေအနေမျိုးတွင် ဖှေးသည် မိမိ၏လုံခြုံရေးထက် အန်ဂျယ်လာ နှင့် အမ်မာတို့နှစ်ယောက်၏ လုံခြုံရေးကိုသာ စိတ်ပူ၏။ ဤအချက်ကို လမ်းပါ့ဒ် တစ်ယောက်လေးစားမိသည်။

သို့သော် နန်းတော်မှထွက်ခွာပြီး ရန်သူ့အားသွားရောက်တိုက်ခိုက်မည့် ဖှေး၏ဆုံးဖြတ်ချက်ကိုတော့ လမ်းပါ့ဒ် သဘောမကျချေ။

ချမ်းဘော့ဒ် တိုင်းပြည်ရှိ ဉာဏ်အနည်းဆုံး ပုဂ္ဂိုလ်ပင်လျှင် ခံတပ်နံရံအားစွန့်ခွာပြီး ရန်သူအားသွားရောက်တိုက်ခိုက်ခြင်းမှာ ဆိုးဝါးသည့်အကြံစည်ဖြစ်ကြောင်းသိသည်။ချမ်းဘော့ဒ်တိုင်းပြည်၏ တန်ဖိုးရှိစစ်သားများအား သေတွင်းသို့ပို့နေသည့်အတိုင်းပင်။ ထို့အပြင် အသေအချာလေ့ကျင့်ထားပြီး လူအင်အား ပိုများလှသော ရန်သူများအတွက် အားသာချက်ကြီးဖြစ်နေတော့မည်ဖြစ်သည်။

မနေ့ကတိုက်ပွဲရလဒ်များကို ကြည့်ခြင်းအားဖြင့် အလတ်ဇန္ဒား သည် ရဲရင့်သန်မာသည့် လူငယ်တစ်ဦးဖြစ်သည်ကိုတော့ လမ်းပါ့ဒ် လက်ခံ၏။သို့သော်တိုက်ပွဲတစ်ခုတွင် လအဆင့်နေအဆင့်စစ်သည်တစ်ဦးမဟုတ်ပါက တစ်ဦးတစ်ယောက်ထဲ၏ စွမ်းအားသည် အရေးမပါလှချေ။တစ်ဦးတစ်ယောက်၏ စွမ်းအားတစ်ခုတည်းဖြင့် ပြသနာများကို ဖြေရှင်းပေးမည်မဟုတ်ပေ။လမ်းပါ့ဒ်သည်လည်း အလတ်ဇန္ဒား တစ်ယောက် တိုက်ပွဲအနည်းငယ်နိုင်ရုံမျှဖြင့် မိမိကိုယ်မိမိ အထင်ကြီးကာ ကမူးရှူးထိုးမလုပ်စေလိုချေ။

"ကျွန်တောျတကယျလို့သာ ချောင်းမြောင်းတိုက်ခိုက်လိုက်မယ်ဆိုရင် အဲ့ဒီကျောက်တုံးပစ်လောက်လွှဲတွေကို ငါဖျတ်ဆီးပစ်နိုင်လောက်ပါတယ်။ အရှင်လည်း အဲ့လိုသေကြောင်းကြံတဲ့ ကိစ္စမျိုး လုပ်စရာမလိုတော့ဘူးပေါ့....."

နတ်ရွာစံသွားပြီဖြစ်သော သူငယ်ချင်းနှင့် ခင်မင်ရင်းနီးမှု၊ သန့်စင်ပြီး အပစ်ကင်းသော အန်ဂျယ်လာ၏ မျက်နာတို့ကြောင့် လမ်းပါ့ဒ်မှာ မိမိ၏ ဒဏ်ရာဟောင်းမှာ ပြန်လည်ဆိုးဝါးလာသော်လဲ ထိုကဲ့သို့အန္တရာယ်များသော တာဝန်အား ထမ်းဆောင်ရန် ဝန်မလေးချေ။သို့သော်လဲ ထိုကျောက်တုံးပစ်လောက်လွှဲကြီးများအား ကြယ်အဆင့် စစ်သည် မှော်ဆရာများနှင့် ကာကွယ်ဝန်းရံထားပါက လမ်းပါ့ဒ် လဲ ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ပေ။

Hail the king(1-200)Where stories live. Discover now