Uni
=======
Hail The King
အပိုင်း(၁၂၆)မျှော်လင့်မထားသော ဖြစ်ရပ်များကြောင့် လူအုပ်ထဲတွင် ဆူညံသံများထွက်ပေါ်လာသည်။
အရှေ့ဘက်တောင်ထိပ်သို့နေရောင်ခြည်ကျရောက်လာပြီးဖြစ်၍ ကောင်းမွန်စွာမြင်နိုင်နေပြီဖြစ်သည်။ ဖှေးအား ထီးနန်းတင်မြှောက်ရန်အတွက် အကောင်းဆုံးအချိန်မှာလဲ ကျော်လွန်သွားပြီဖြစ်သည်။ တစ်ခြားတိုင်းပြည်မှ သံတမန်များနှင့် မင်းသားများမှာ နတ်စဥ်ရှိရာသို့ အံ့သြစွာဖြင့် စိုက်ကြည့်နေကြသည်။ နတ်စဥ်ပေါ်တွင် မင်သမီးတာနာရှာနှင့် သူ့အစေခံများသည်လည်း သရဖူအား လင်ဗန်းပေါ်သို့ပြန်တင်လိုက်ပြီး အနောက်အနည်းငယ်ဆုတ်ခွာကာ ဖှေးအား ဒရာမာတစ်ခုကြည့်နေသကဲ့သို့ စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။
ဖှေး ဘစ်ဇားကိုစိုက်ကြည့်နေရင်း သူ၏ခန္ဓာကိုယ်မှစွမ်းအားများကို အဆင်သင့်ပြင်လိုက်သည်။
"ဒီလူက သူ့ဟာနဲ့သူပေါ်လာမှတော့ တစ်ခါတည်းသတ်ပေးလိုက်မှ အေးမယ်...ဒါမှမဟုတ်ဘူးဆို ကြယ်လေးလုံးစစ်သည်ရဲ့ အစွမ်းက ချမ်းဘော့ဒ်ကို တော်တော်ဒုက္ခပေးနိုင်တယ်...."
တစ်ချိန်တည်းမှာပင် ဘစ်ဇားလည်း သူ၏ဒဏ်ရာကို လက်ဖြင့်အုပ်ပြီး အစီစဥ်တစ်ခုကို အမြန်စဥ်းစားနေသည်။
ဖှေးထံမှ ထုတ်လွှင့်နေသော စွမ်းအင်များကို ခံစားမိပြီးနောက်တွင်သူ ဖှေးအားယနေ့တွင် သတ်လို့မရသေးမှန်းသိလိုက်သည်။ သူဒေါသထွက်နေသည်။ ကြယ်လေးလုံးအဆင့်သို့ရောက်ပြီး အသေးစိတ်အစီစဥ်များကိုလည်း ရေးဆွဲပြီးသည့်အချိန်တွင် သူဤကဲ့သိုအဖြစ်မျိုးကြုံရလိမ့်မည်ဟု လုံးဝထင်မထားပေ။ သူ၏ အစီစဥ်များကိုအကောင်ထည်ဖော်ရန် အချိန်လိုဦးမည်ဟု လက်ခံလိုက်သည်။
"ငါမင်းကို ဒီလိုသစ္စာရှိခွေးတစ်ကောင်ဖြစ်လာလိမ့်မယ်လို့ လုံးဝထင်မထားဘူး..." ဘစ်ဇား အိုလတ်ဂ်ကိုစိုက်ကြည့်လိုက်သည်။ သူဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။ ပါးစပ်မှ ဂါထာမန္တာန်များကို လျှင်မြန်စွာရွတ်ဆိုလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ပူသည်ထက်ပူလာတော့သည်။ သူ၏ စွမ်းအင်လယ်ဗယ်မှာလည်း တစ်စတစ်စပိုပြီး မြင့်မားလာတော့သည်။ သူသည် မီးတောက်များနှင့် ရေချိုးနေသကဲ့သို့ပင်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...