Uni
======
Hail The King
အပိုင်း(၂၀၀)မီးမှုတ်သားရဲပေါ်တွင် ဆောင်းဦးလေသည် သူရဲကောင်း၏ ရွှေရောင်ဆံပင်များနှင့် အနီရင့်ရောင် ၀တျရုံကိုလထေဲတှငျလှှငျ့ပြံနစေသေညျ။ နေ၀င်ချိန်ရောက်တွင် လေးရှည်နှင့် မြှားများမှာ ရွှေရောင်နေရောင်ခြည်ကို ကြောက်မက်ဖွယ်အလင်းပြန်လျက်ရှိကြသည်။
ဤအခိုက်တန့်တွင် ရေ့စ်တိုင်းပြည်မှလူများအားလုံးကြောက်လန့်ကုန်ကြ၏။ မြှားဖြင့်ပစ်သတ်ခံလိုက်ရေသာ လူငယ်အတွက်မကျေနပ်ကြောင်းဘယ်သူမှ မပြောရဲကြချေ။ ထိုလူငယ်မှာ ရေ့စ်တိုင်းပြည်တွင် အသက်ရှိစဥ်ကအရေးပါသည့် လူတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင်မူ ရေ့စ်တိုင်းပြည်၏ဘုရင်ကိုယ်တိုင်ကြောက်လန့်စွာဖြင့် ချွေးများစီးကျနေပြီး အ၀ေးတှငျရှိသောခမြျးဘော့ဒျမှစဈသညျ ဒေါသမဖြစ်တော့ပဲ ထွက်ခွာသွားရန်ကိုသာဆုတောင်းမျှော်လင့်နေ၏။
ယခင်ကချမ်းဘော့ဒ်တိုင်းပြည်ရုတ်တရက် အင်အားကြီးလာမှုမှာ ရေ့စ်တိုင်းပြည်တစ်ခုလုံးအားထိတ်လန့်စေခဲ့သည်။ ထို့အပြင်တိုင်းပြည်ကိုးခုပူပေါင်းတပ်ဖွဲ့ကို အနိုင်ယူခဲ့သည့် သတင်းမှာလဲ ရေ့စ်တိုင်းပြည်သို့ရောက်ရှိပြီးဖြစ်သည်။ ရေ့စ်တိုင်းပြည်မှာ ထိုပူးပေါင်းတပ်ဖွဲ့၏အင်အားကို ကောင်းစွာသဘောပေါက်သည်။ အနည့်ဆုံးထိုတပ်ဖွဲ့သည် ရေ့စ်တိုင်းပြည်အားတိုက်ခိုက်ပါက စက္ကန့်အနည်းငယ်အတွင်းမှာပင် အမှုန့်ချေပစ်နိုင်သည်။ သို့သော်ထိုကဲ့သို့ အင်အားကြီးမားသည့် ပူးပေါင်းတပ်ဖွဲ့မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ အမှုန့်ချေခြင်းကိုခံလိုက်ရသည်။ အကယ်၍ချမ်းဘော့ဒ်တိုင်ပြည်သာ ရေ့စ်တိုင်းပြည်အားကျူးကျော်တိုက်ခိုက်လိုပါက ပြသနာသိပ်ရှိလှမည်မဟုတ်ပေ။ ထို့ကြောင့်ဘုရင်မှစကာ သာမန်မြို့သူမြို့သားများအားလုံး ကြောက်လန့်တကြားဖြင့်နေထိုင်ခဲ့ရခြင်းဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်သည် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိင်ပွဲတွင်ပါ၀င်ရန်အတွက် သူတို့၏တိုင်းပြည်အားဖြတ်သန်းကာ ခရီးထွက်မည့်သတင်းကိုကြားလိုက်ရသည့်အချိန်တွင် ရေ့စ်တိုင်းပြည်မှဘုရင်သည်ရုတ်တရက် အကြံတစ်ခုကိုရရှိခဲ့သည်။ သူ့အကြံထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်၏ ဒေါသကိုဖြေလျှော့နိင်ပါက သူလည်းအန္တရာယ်မှ ရှောင်ရှားနိုင်လိမ့်မည်ဟုယုံကြည်နေ၏။ ထို့ကြောင့်တစ်ကြိမ်တစ်ခါခန့် အောက်ကျို့ခံရခြင်းမှာ သူ့အတွက်သိပ်ပြီးပြသနာရှိလိမ့်မည်မဟုတ်ပေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...