55

787 97 2
                                    

Uni
======
Hail The King
အပိုင်း(၅၅) "ဖှေး၏ အစီစဥ်"

"ငါအဲ့မှော်ဆရာကို သတ်နိုင်တဲ့ နည်းတစ်ခုကြံမှ ဖြစ်မယ်..."ဖှေးတွေးလိုက်၏။

ဖှေး၏ လက်ရှိခွန်အားနှင့်ဆိုပါက ကြယ်သုံးလုံးစစ်သည် ကိုပင် ခက်ခက်ခဲခဲယှဥ်ပြိုင်တိုက်ခိုက်နေရ၏။ ကြယ်သုံးလုံးအဆင့်ထက်များစွာမြင့်သော မှော်ဆရာအား ရန်သူအုပ်ကြီးနှင့်အတူ တိုက်ခိုက်ရသည်မှာ လပေါ်သွားနိုင်ရန်ကြိုးစားသည်ထက်ပင် ပိုမိုခက်ခဲနိုင်၏။လမ်ဒီနှင့်တိုက်ခိုက်နေရင်း ခေါင်းထဲမှ ဖြစ်နိုင်သည့်အကြံတစ်ခုကိုအမြန်စဥ်းစားနေသည်။ သို့သော်လည်း တစ်ခုမှတွေးမရပေ။သူသည် လူရိုင်းဇာတ်ကောင်၊ မှော်ဆရာဇာတ်ကောင်၊ အောက်လမ်းဆရာဇာတ်ကောင်၊ ပါလာဒင် မည်သည့်ဇာတ်ကောင်ပြောင်းစေကာမူ ထိုကြယ်လေးလုံး(သို့မဟုတ်)ကြယ်ငါးလုံးအဆင့်သို့ပင် ရောက်ခါနီးပြီဖြစ်သော မှော်ဆရာအား ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

အချိန်ခနအကြာတွင် လူသန်ကြီးများသည်လည်း နီးကပ်လာပြီဖြစ်သည်။ သူတို့သည် ဖှေးအားကျော်လွန်ပြီး လမ်ဒီအားဝင်တိုက်ခိုက်ကာ ဖှေးဆုတ်ခွာနိုင်ရန်အတွက် အချိန်ဆွဲပေးရန်အကြံဖြင့်ဖြစ်သည်။

"ငါဒီထက်ပိုကြာလို့မဖြစ်တော့ဘူး..." ဖှေးဆုံးဖြတ်လိုက်၏။

အချိန်မှာရွှေဖြစ်ပြီး အနည်းငယ်ကြန့်ကြာသွားပါက သူတို့အကုန်လုံးသေကြေနိုင်သည်ကို ဖှေးသဘောပေါက်လိုက်သည်။

ဖှေးရုတ်တရက် အော်ဟစ်ကာ လူရိုင်းဇာတ်ကောင်၏ ဟိန်းဟောက်ခြင်းအစွမ်းကို ထက်မံအသုံးပြုလိုက်ကာ အနီးကပ်လာသော ရန်သူများအား ခြောက်လန့်လွှတ်လိုက်သည်။သူ၏တိုက်ခိုက်မှုဖြင့် လမ်ဒီအား အနောက်သို့အနည်းငယ်တွန်းဖယ်လိုက်ပြီး လေပေါ်သို့ခုန်လိုက်သည်။ထို့နောက်တွင် သူ၏ပုဆိန်အားတင်းကြပ်စွာ ဆုပ်ကိုင်ပြီး တောင်တစ်လုံးအားခုတ်ပိုင်းလိုသည့်ပုံစံမျိုးဖြင့် အောက်သို့ခုတ်ချလိုက်သည်။

ထိုရိုက်ချက်မှာ အလွန်ပြင်းထန်၏။ ပုဆိန်သွားနှင့် လေထုပွတ်တိုက်မှုကြောင့်ပင် မီးတောက်မီးစမျာ ပေါ်ထွက်လာသည်။ဥက္ကာပျံတစ်လုံးမှာ ကမ္ဘာမြေပြင်သို့ ရိုက်ခတ်တော့မည့် အတိုင်းပင်။

Hail the king(1-200)Where stories live. Discover now