107

591 75 2
                                    

Uni
======
Hail The King
အပိုင်း(၁၀၇) "မင်းမှာတော့ ပြသနာတွေရှိနေပြီ"

ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ ထွက်ခွာလာသည့်အချိန်တွင် နေဝင်စပင်ပြုနေပြီဖြစ်သည်။ သို့သော် နေရောင်ခြည်မှာ နွေးထွေးနေဆဲပင်။ ရွှေရောင်နေရောင်ခြည်မှာ သစ်ရွက်များကြားမှနေ၍ မြေပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိသည်။ လေထုထဲရှိ သင်းပျံ့သောရနှံ့မှာ တည်ရှိနေဆဲပင်။

ဖှေး ထိုင်ခုံပေါ်မှထခါ အိပ်မှုန်စုံဝါးဖြင့် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။ ယခင်က ဝါးခုံပေါ်တွင် မျက်လုံးမှိတ်လျှက်ထိုက်နေသောမင်းသမီးမှာ ယခုအချိန်တွင် ညစာပင်စားနေသည်ကို ဖှေးတွေ့လိုက်ရသည်။ ကျောက်စားပွဲပေါ်တွင် ရွှေဝါရောင်အသားကင်၊ ပေါင်မုန့်နှင့် ရွှေရောင်ခွက်ထဲရှိ ဂြုံစှတျပွုတျတျို့တညျခငျးထားသညျကို တွေ့ရသည်။

ဤမင်းသမီး၏ ညစာမှာ သာမန်မျှသာဖြစ်သည်။

သူမှ၏ ဘေးတွင်မူ အစောင့်တစ်ယောက်မျှပင် မရှိပေ။ ဖှေးအား ဤခြံဝန်းအတွင်းသို့ခေါ်လာသော  အမျိုးသမီးကိုယ်ရံတော် ဆူဇန်လဲ ဘယ်ရောက်နေမှန်းမသိချေ။ အမြဲလိုလိုပြုံးနေတတ်သည့် ရွှေဝါရောင်ဆံပင်ဖြင့် သူရဲကောင်းရိုမန်ကိုလည်းမတွေ့ရသေးချေ။ ထိုနှစ်ယောက်လုံး ဘယ်ရောက်နေလဲမသိချေ။

သို့သော် စွမ်းအားကြီးစစ်သည်အယောက်၂၀ခန့်မှာ မြင်ကွင်းမှ ပုံးရှောင်နေပြီး မင်းသမီးအားကာကွယ်နေသည်ကို ဖှေးအာရုံခံမိနေသည်။

"ဟမ်...ငါအိပ်ပျော်သွားတာလား..."

ဤသည်မှာ ဖှေး၏ ပထမဆုံးပြောစကားပင်ဖြစ်သည်။ ထို့နောက်တွင် ဖှေးထိုင်ခုံပေါ်မှထခါအညောင်းဆန့်လိုက်ပြီး မင်းသမီး၏ရှေ့ရှိ ကျောက်ထိုင်ခုံပေါ်တွင် ရိုင်းပြစွာဝင်ထိုင်လိုက်၏။ စားပွဲပေါ်ရှိ အသားကင်ကို ငုံ့ကြည့်လိုက်ရင်း..
"ဝိုး တော်တော်မွှေးတာပဲ ငါ့ကိုနည်းနည်းလောက်ကျွေးပါလား..."

ဖှေး သူ၏အရှေ့တွင်ရှိသောဓားနှင့် ခတ်ရင်းကိုကောက်ကိုင်လိုက်ပြီး အသားကိုလှီးဖြတ်လိုက်ချိန်တွင် ပုံးကွယ်နေကြသော မင်းသမီး၏ အစောင့်၂၀ခန့်မှာ တင်းတင်းမာမာဖြစ်သွားသည်ကိုခံစားလိုက်ရသည်။ မင်းသမီး လက်ကာပြလိုက်သည်ကို ဖှေးတွေ့လိုက်ရပြီး အစောင့်များ ပြန်လည်ပုန်းအောင်းသွားကြသည်ကိုတွေ့လိုက်ရသည်။

Hail the king(1-200)Where stories live. Discover now