Uni
=======
Hail The King
အပိုင်း(၁၇၃)"အပြောင်းလဲများတာလား...."
ကပ္ပတိန်ရိုမန်မှာ အနည်းငယ်တွေဝေသွားသည်။ ထို့နောက်တွင် သူရုတ်တရက်သဘောပေါက် နားလည်သွားတော့၏။
"ဟုတ်တယ်...အပြောင်းလဲများတာပဲ...."
ဤစကားလုံးမှလွဲ၍ ယနေ့သူမြင်တွေ့ခဲ့ရသည့် တိုက်ပွဲအားဖော်ပြရန် တခြားစကားလုံးကို ရိုမန်စဥ်းစား၍မရချေ။ တိုက်ပွဲစတင်စဥ်ကတည်းက ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားသည် အမျိုးသမီးများနှင့် ကလေးများကို စစ်မြေပြင်သို့ခေါ်ဆောင်လာခဲ့သည်။ ထိုအမျိုးသမီးများသည် သေခြင်းတရားကို ကိုယ်စားပြုသော မှော်လေးသည်တော်များဖြစ်မယ်မှန်း သူထင်မထားခဲ့ချေ။ ထို့အပြင်ချမ်းဘော့ဒ်တွင် နတ်ဘုရားအဆင့်တိကျမှုရှိသော လေးသည်တော်အယောက်၅၀ရှိမည်မှန်းလဲ ထင်မထားခဲ့ပေ။ အမဲရောင်ခွေးကြီးသည်လည်း ဤမျှကြောက်မက်ဖွယ်အစွမ်းရှိနေမည်မှန်း ထင်မထားခဲ့။ လေးလံသော သံမဏိချပ်ဝတ်များနှင့် စစ်သည်၂၂ယောက်နှင့် ပုဆိန်ကိုင်ဆောင်ထားသော လူသန်ကြီးများဖွဲ့စည်းပုံမှာလည်း ဤကဲ့သို့ အဖျက်စွမ်းအားကြီးမားလိမ့်မည်ဟု သူစိတ်ပင်မကူးခဲ့ချေ။ နောက်ဆုံးအနေဖြင့် နာမည်ကျော်ကြားသော မီးနတ်ဘုရားသံမဏိတပ်ဖွဲ့သည်လည်း ရန်သူတစ်ယောက်မှပင် မသတ်လိုက်ရပဲ ရှုံးနိမ့်သွားလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့။
ဤအရာများအားလုံးသည် သူလုံးဝထင်မထားခဲ့သည့် အရာများပင်။
ပြောင်းလဲခြင်းများစွာဖြစ်၏။
ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားသည် လူအများထင်မထားသည့်အရာများစွာကို လက်တွေ့အသက်သွင်းခဲ့သည်။
ဤကဲ့သို့ပြောင်းလဲခြင်းများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော ဉာဏ်ပညာကြီးမားသော ခေါင်းဆောင်တစ်ယောက်ပင် ဤကဲ့သို့သော ရန်သူမျိုးဖြင့် ရင်ဆိုင်ရပါက ထွက်ပေါ်လာသော အပြောင်းလဲများစွာတို့ကြောင့် တွက်ချက်မှုများ လွဲမှားကုန်ကာ ရှူံးနိမျ့သှားနျိုငျသောကွောငျ့ပငျ။ နောက်စက္ကန့်တွင် ဘာဖြစ်လာနိုင်သည်ဆိုသည်ကိုလဲမသိ။ ရန်သူသည် မည်သည့်အကွက်ကို ကစားမည်ဆိုသည်ကိုလဲမသိ။ သိရှိပြီးသည့်အချိန်တွင်မူ ရှူံးနိမ့်ပြီးဖြစ်နေနိုင်သောကြောင့်ပင်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...