139

604 67 1
                                    

Uni
=======
Hail The King
အပိုင်း(၁၃၉)

သူတို့၏မျက်နှာပေါ်တွ ဂုဏ်ယူဝင့်ကြွားကာထီမမြင်သည့်အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူ့တို့၏ အစီစဥ်များကို ပျက်လုနီးနီးဖြစ်စေခဲ့သည့် ဖှေးအား ယခုအချိန်တွင်မူ လှောင်ပြောင်သည့် မျက်လုံးများဖြင့် ကြည့်နေကြ၏။

"ငါနားလည်ပြီ အဲ့ညတုန်းက အိုဘီနာတို့အုပ်စုကို ကြိုသတင်းပေးပြီး တစ်ဖွဲ့လုံးအသတ်ခံရတဲ့ပုံလုပ်ခိုင်းတာက မင်းကိုး...ဟားရှ်ဇန်းနေရာမှာ အစားထိုးပြီး သေခိုင်းဖို့လူရှာပြီး ငါ့ကိုလှည့်စားခဲ့တာကလဲ မင်းပဲမလား...." ဖှေး ချက်ချင်းပင် သဘောပေါက်နားလည်သွားသည်။

"မင်းက အဲ့လောက်တော့ မပိန်းပါဘူး...."
သရေ့တိုင်းပြည်မှ မင်းသား အိုဘီနာသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လာလိုက်သည်။

"ငါက လူအယောက်၂၀၀ ကျော်ဘာလို့ဒီလောက်မြန်မြန်နဲ့ အသတ်ခံရလဲဆိုတာကို အံ့သြနေတာ...ဒီလိုကြောင့်ကိုး..ငါဘာမှကိုမသိလိုက်ရဘူး..." ဖှေး သူ၏မေးစေ့ကို ပွတ်ကာပြောလိုက်သည်။ "ဒါပေမယ့် မင်းတို့ကောင်တွေက အတော်ရက်စက်တာပဲ....ငါသတင်းရသွားမှာ ကြောက်တာလေးတစ်ခုနဲ့ မင်းတို့ကိုယ့်အစောင့်၂၀၀ ကျော်လောက်ကို တကယ်သတ်ပစ်ခဲ့တာပဲ...မင်းတို့ က တိရစ္ဆာန်ထက်တောင်ဆိုးတဲ့ကောင်တွေပဲကွ..."

"မင်းကိုကြောက်လို့ ဟုတ်လား...မင်းကတော်တော်ပိန်းပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ကောင်ပဲကွ..အရှင့်သမီးပဲရစ်က မင်းသားကို အနှောင့်ယှက်မပေးချင်လို့ အလွဲမှားသေးသေးလေးတောင်လက်မခံပဲ ရှင်းပစ်လိုက်တာပဲ..." အိုဘီနာမှာ ဖှေးအား ငပိန်းတစ်ယောက်ကဲ့သို့ကြည့်ရင်း ရီလိုက်သည်။ "ဒီမှာဘုရင်လေး မင်းကိုယ်အတွွကိုယ်စိုးရိမ်နေသင့်ပြီ...ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ကံကြမ္မာက ဒီနေ့ပျက်သုဥ်းဖို့ပဲ...မင်းရဲ့လူတွေရော မင်းနဲ့အတူသေပြီး ဇူလီမြစ်ထဲက ငါးစာဖြစ်တော့မယ်..."

တိရစ္ဆာန်ထက်ဆိုးသည်ဟု အခေါ်ခံရအပြီးတွင် မင်းသားအိုဘီနာ၏ မျက်နှာမှာ မဲချိတ်သွားသည်။

ဤအခိုက်တန့်တွင် မည်သူမျှ မမျှော်လင့်ထားပဲပဲရစ်သည် ရှေ့သို့ထွက်လာပြီး ပြုံးကာပြောလိုက်သည်။ "ဘုရင်အလတ်ဇန္ဒား မင်းက အလားလာကောင်းကောင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာကို ငါဝန်ခံရလိမ့်မယ်...တကယ်လို့ မင်းအခုချိန်မှာ ငါတို့နဲ့ပူးပေါင်းပြီး မင်းသားဒိုမင်ဂူအတွက် အလုပ်လုပ်ပါမယ်လို့ ကတိပြုကျိမ်ဆိုမယ်ဆိုရင်မင်းကိုချမ်းသာပေးမယ်...ချမ်းဘော့ဒ်တိုင်းပြည်ကိုပါ ချမ်းသာပေးလိုက်နိုင်တယ်...နောက်ပြီး စစ်ဘက်ဆိုင်ရာလေ့ကျင့်မှု ပြိုင်ပွဲပြီးလို့ နှစ်လကြာရင် ချမ်းဘော့ဒ်ကို အဆင့်၃အဖွဲ့ဝင်နိုင်ငံဖြစ်အောင်လုပ်ပေးမယ်လို့ ငါကတိပြုတယ်...ဘယ်လိုလဲ..."

Hail the king(1-200)Where stories live. Discover now