Uni
======
Hail The King
အပိုင်း(၂၇)"တွေ့လား အခုတောင်သူနိုးလာပြီ။"ဖှေး ဒေါသအလွန်ထွက်နေပြီဖြစ်သော ဘစ်ဇားအားပြောလိုက်သည်။ထို့နောက်တွင် ဘရွတ်အား"သူ့ကိုကြိုးဖြည်ပေးလိုက်တော့ သူ့ကို ကာကွယ်ဖို့စစ်သားနှစ်ယောက်ချထားလိုက်။ငါမှော်ဆရာဂေးလ်ကို စစ်မြေပြင်မှာ မှော်ဆရာလုပ်သင့်တာ လုပ်စေချင်တယ်။
ဘစ်ဇားဖှေးအား သက်ဖြတ်တော့မည့် မျက်လုံးများနှင့် စိုက်ကြည့်နေပြီး ပြန်လှည်စိတ်ထိန်းလိုက်၏။
ထိုအခိုက်အတန့်တွင် ဖှေးကြက်သီးမွေးငြင်းများထသွားသည်ကို ခံစားလိုက်ရသည်။ မကောင်းဆိုးစွားတစ်ကောင်သူ့အား အမှောင်တစ်နေရာမှစိုက်ကြည့်နေသကဲ့သို့ပင်။
သူပတ်ဝန်းကြင်ကို လှည့်ပတ်ကြည့်သော်လဲ ဘာမှမတွေ့ရချေ။
"ငါအထင်မှားတာနေမှာပါ...."ဖှေးတွေးလိုက်၏။
ဖှေးဘေးနားတွင် မက်တပ်ရပ်နေသော ဘရွတ်လဲ ဘာမှမခံစားရချေ။သူသည်ဘုရင့်အမိန့်အတိုင်း စစ်သားနှစ်ယောက်အားခေါ်ဆောင်ပြီး သတိရတစ်ချက်မရတစ်ချက်ဖြစ်နေသော ဂေးလ်အား ခံတပ်မျှော်စဥ်အတွင်းသို့ သယ်သွားစေသည်။ခံတပ်မျှော်စဥ်မှာ တိုက်ပွဲဖြစ်ပွားရာတွင် အန္တရာယ်အများဆုံးနေရာတစ်ခုဖြစ်သော်လည်း မှော်ဆရာနှင့် အသင့်လျှော်ဆုံးနေရာတစ်ခုလဲ ဖြစ်၏။
ဂေးလ်သည်လည်း သင်ခန်းစာရသွားပြီဖြစ်သည်။သူသည်ယခုအခါတွင် ဖှေးအားကြောက်ရွံ့နေပြီဖြစ်ရာ ဖှေးကိုမလွန်ဆန်ရဲတော့ပေ။သို့သော် သူ့အဖေဘစ်ဇား တစ်ခုခုလုပ်ပေးရန်မျှော်လင့်နေ၏။
ဝန်ကြီးချုပ်ဘစ်ဇားမှာ တစ်ခုခုပြောရန်ကြံရွယ်နေစဥ် တစ်ခြား အသံတစ်ခုအနောက်မှပေါ်ထွက်လာသည်။
"ဟေ့ကောင်တွေ မင်းတို့နှစ်ကောင် သခင်လေးဂေးလ်ကို ဘာလုပ်လိုက်တာလဲ။ဘေးဖယ်ကြစမ်း..."လူအုပ်ထဲမှ လူကြီးတစ်ယောက်ထွက်ပေါ်သည်။
ထို့နောက်တွင်ဂေးလ်ကို သယ်ဆောင်ထားသော စစ်သားနှစ်ယောက်အား ဒေါသဖြင့်ဆောင့်ကန်လိုက်ပြီး ဂေးလ်အား ညင်သာစွာမြေကြီးပေါ်မှမထူလိုက်၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...