Hail The King
အပိုင်း(၈)လူတွေအားလုံးက ပီးရာ့စ် အားသေတော့မည် ထင်နေကြ၏။ သူ့အားကယ်တင်ရန် တစ်ယောက်မျှမရှိသောကြောင့်ပင်။
"ဟေ့ယောင် စောက်ပိန်း ငါ့ရဲ့ လက်နက်ပုန်းကို ရအောင်ရှောင်ကြည့်လိုက်။"
ယုံကြည်ချက်ရှိသော အသံတစ်ခု တိုက်ပွဲတစ်နေရာမှ ပေါ်ထွက်လာသည်။ဒေါသဖြစ်နေသော ဓားရှည်နှင့်ရန်သူသည် အသံအားမကြားလိုက်သော်လဲ သူ့ခေါင်းနောက်စေ့အား တစ်ခုခုနှင့်ရွယ်ထားသည်ကို ခံစားလိုက်ရသည်။အရာဝတ္ထုတစ်ခုသည် သူ့ထံ လျင်မြန်စွာ ပျံသန်းလာ၏။
သူ ထိတ်လန့်သွားသည်။ ပီးရာ့စ်ကို ခုတ်ရန်ရွယ်ထားသော ဓားရှည်အားပြန်သိမ်းကာ ခုခံလိုက်ရတော့သည်။
"ဖျောက်"
ထိုလက်နက်ပုန်းဆိုသည်အား နှစ်ခြမ်းပိုင်းပစ်လိုက်သည်။ မျက်နှာအား အနီရောင် အရည်တွေ စင်ကုန်သည်။
"ဒါဘာတွေလဲ။"
ပုံစံတစ်ချ ပြန်နေပြီးနောက်တွင် နှစ်ခြမ်းပိုင်းလိုက်သော လက်နက်ပုန်းဆိုသည့်အရာကို သေချာကြည့်လိုက်ရာ အလွန်ဒေါသဖြစ်သွားလေတော့သည်။
ထို "လက်နက်ပုန်း" ဆိုသည်မှာသူ၏ စစ်သားများထဲမှတစ်ယောက်ပင်ဖြစ်သည်။တစ်စုံတစ်ယောက်က သူ့အားဆွဲယူပြီး ပစ်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။သူ၏ဂရုစိုက်မှု ညံ့ဖျင်းသောကြောင့် သေချာမကြည့်ပဲ ဓားနှင့်ပိုင်းလိုက်မိခြင်းပင် ဖြစ်သည်။
"ဟားဟား မင်းအခုကြောက်သွားပြီမလား"
အားရပါးရ ရယ်သံသည် ဓားရှည်ကိုင်ထားသော လူ၏ အာရုံစိုက်မှု ရသွားသည်။သူကြည့်လိုက်သောအခါ လေးလံသော ချပ်ဝတ်အား တစ်ကိုယ်လုံးဝတ်ဆင်ထားပြီး မျက်လုံးနေရာသာ အပေါက်ရှိသော လူအားတွေ့လိုက်ရသည်။နောက်ခံ နေဝင်ချိန်နှင့်ကြည့်လျှင် ထိုသူသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ထိုသူကား အချိန်မဖြုန်း သူ့ထံစတင်ပြေးဝင်လာတော့သည်။သူ၏ ခန္ဓာကိုယ်အဟုန်မှာ အားပြင်းလှသောကြောင့် လမ်းတစ်လျှောက်ရှိ စစ်သားများ နံရံပေါ်မှ လွှင့်စင်ကျကုန်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...