182

538 63 4
                                    

Uni
=======
Hail The King
အပိုင်း(၁၈၂)

ဖှေးမှာ အလွန်သတိထားနေသည်။ ဒရူးဇာတ်ကောင်နှင့် သူ၏ အိမ်မွေးတိရစ္ဆာန်များကြားတွင်ရှိသော ထူးခွားဆကျနှယျခကြျကျို အသုံးပြု၍ ဖှေးသည် မြေခွေးသုံးကောင်မြင်တွေ့နေရသည့်အရာများကို သူပါမြင်တွေ့နိုင်စွမ်းရှိသည်။ ၁၀ကိုက်ဝန်းကျင်တွင်ဖှေးသည် အရာအားလုံးကို မြင်နိုင်ကြားနိုင်စွမ်းရှိသည်ဟုပင် ဆိုနိုင်၏။

၁၀မိနစ်ကြာလမ်းလျှောက်ပြီးနောက်တွင် လိုဏ်ဂူထဲရှိ အမှောင်ထုမှာ အလွန်ထူထပ်ကြောင်းဖှေးသတိထားမိလာ၏။ မှော်ပစ္စည်းများမှတောက်ပနေသောအလင်းရောင်နှင့် မြေခွေးများ၏ ညကြည့်မျက်လုံးများကြောင့်သာမဟုတ်ပါက ဖှေးဘာကိုမှပင် မြင်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ဖှေး ဖြေးညင်းစွာလမ်းလျှောက်နေ၏။ သူလမ်းလျှောက်လာသည်မှာ ၃ကီလိုမီတာခန့်ရှိပြီဖြစ်ကြောင်းကို ခန့်မှန်းမိသည်။ လိုဏ်ဂူမှာ ဖြောင့်တန်းခြင်းမရှိပေ။ လွန်ခဲ့သည့် ၁၀မိနစ်တွင် သူအကွေ့ပေါင်း၄ခု နှင့် အတက်ဆင်း ၆ခုခန့်ကို ကျော်ဖြတ်ခဲ့ရ၏။

လိုဏ်ဂူထဲတွင် ကျောက်ဆူးကျောက်ချွန်များ မရှိနေသည်မှာ ကံကောင်းလှ၏။ ဖှေး ရပ်တံ့ပြီးလိုဏ်ဂူနံရံများကို ဂရုတစိုက်လေ့လာကြည့်လိုက်သည်။ ထိုနံရံများသည် သူရဲကောင်းမြို့တော် မပြင်ဆင်ရသေးသည့် နံရံများနှင့် မထူးခြားလှချေ။ ရိုးရှင်းပြီး ကြမ်းတမ်းနေ၏။ ပုံများ အရုပ်များ ရေးဆွဲထားခြင်းမရှိပေ။ ဤလိုဏ်ဂူအား ဖောက်လုပ်ခဲ့သည့် လူများ၏ အမှတ်သားများကိုမတွေ့ရသဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေသော လိုဏ်ဂူလားဟုပင် ဖှေးထင်မိ၏။

သို့သော် ထူးဆန်းသည့်အရာမှာ ဖှေးမည်မျှပင် လိုဏ်ဂူ၏ နက်ရှိုင်းသောနေရာသို့ ရောက်လာစေကာမူ လေထုသည် ဝင်ခါစတုန်းကအတိုင်းလက်ဆက်နေဆဲပင်။ မြေအောက်လိုဏ်ဂူများထဲတွင် ရနေကျဖြစ်သည့် စိတ်ပျက်ဖွယ်အောက်သိုးသိုး အနံ့သက်များကို ရရှိခြင်းမရှိပေ။  ဖှေးနံရံပေါ်တွင် ဖုန်မှုန့်များအနည်းငယ်ကပ်နေသည်ကိုပင် တွေ့နေရသည်။ ဤနေရာတွင် လေစီးကြောင်းတစ်ခု ဖြတ်သန်းတိုက်ခတ်လေ့ရှိသည်ဟူသော အဓိပ်ပါယျပငျ။

Hail the king(1-200)Where stories live. Discover now