154

598 63 2
                                    

Uni
======
Hail The King
အပိုင်း(၁၅၄)

ဖှေး စိတ်လှုပ်ရှားသွားသည်။ "ခင်ဗျား..ဒီချပ်ဝတ်တွေကို စစ်ဆေးလို့ပြီးသွားပြီပေါ့.. "

ကိန်း ချပ်ဝတ်စုံတစ်ခုလုံးနီးပါးအား ဖှေးထံသို့ ပစ်ပေးလိုက်ပြီး ရီမောလိုက်သည်။ "ဟုတ်တယ် ငါစစ်ဆေးပြီးသွားပြီ...နောက်ပြီး ငါဒီဟာတွေပေါ်မှာ ထွင်းထုထားတဲ့ မှော်သင်္ကေတအခင်းကျင်းတွေကိုလဲ နည်းနည်း ပြောင်းလဲမှုတွေ လုပ်ထားသေးတယ်...ဒီချပ်ဝတ်တွေကို ဖန်တီးခဲ့တဲ့လူမြင်ရင်တောင် သူလုပ်ထားတဲ့ ချပ်ဝတ်တွေမှန်း မှတ်မိမှာမဟုတ်လောက်တော့ဘူး...ဒီချပ်ဝတ်တွေက အလွန်ထူးခြားဆန်းပြားတယ်ဆိုတာကိုတော့ ငါပြောရလိမ့်မယ်...မှော် သင်္ကေတတွေ ထွင်းထားတဲ့ ပုံစံနဲ့ မှော်စွမ်းအင်အလုပ်လုပ်ပုံတွေက နှစ်ခုလုံး စိတ်ဝင်စားဖို့အတော်ကောင်းတယ်...ဒီကောင်တွေက ငါ့ကို အမြင်သစ်တွေရသွားစေတယ်...ဒါပေမယ့် ဒီမှော်စွမ်းအင်အလုပ်လုပ်ပုံတွေကလဲ ထူးခြားတယ်ဆိုပေမယ့် ဒီကမ္ဘာက ဟာတွေနဲ့တော့ အတော်လေးဆင်တူပါတယ်...မစ်စတာဖှေး ကျွန်တော်ကတော့ မှော်ပညာရပ်အသစ်တစ်ခုကို မတော်တဆ ရှာတွေ့မိသွားပြီလို့ထင်တယ်...ကျွန်တော်တို့တွေကို ဒါကိုသာ ဆက်လေ့လာမယ်ဆိုရင် နတ်ဘုရားတွေကိုတောင် တုန်လှုပ်စေမယ့် စွမ်းအားတွေရရှိလာနိုင်မလားပဲ...."

အဖိုးကြီး ကိန်း၏ ချဲ့ကားထားသော စကားလုံးများကို ကြားရသောအခါဖှေးတစ်စုံတစ်ခုကိုသတိရသွားသည်။ သူ အာကာရာသို့ ပေးဖို့လုပ်နေသည့် စာလိပ်နှစ်လိပ်အား အဖိုးကြီးကိန်းသို့ပေးကာပြောလိုက်သည်။ "ဒါတွေကိုလေ့လာကြည့်ပါလား...ခင်ဗျားတစ်ခုခု ရှာဖွေမိနိုင်တယ်..."

"ဒါက...."

ကိန်း ဖှေး၏ လက်ထဲမှ စာလိပ်နှစ်လိပ်ကို ယူလိုက်သည်။ စာလိပ်တစ်လိပ်အား ဖွင့်ကြည့်လိုက်သည်။ အနည်းငယ်ခန့် ကြည့်ရှုပြီးသည့်နောက်တွင် သူစိတ်လှုပ်ရှားသွား၏။ ဝဖြိုးသော သိုးတစ်ကောင်အား တွေ့လိုက်ရသည့် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ထအော်လိုက်သည်။ "အဟ...ဘုရားရေ...ဒါက ဒီလိုကိုး...ငါပြောခဲ့သလိုပဲ....အိုးဉာဏ်ကြီးရှင်ရဲ့ ဒီဇိုင်းပဲ...မှော်ရင်းမြစ်နေရာတွေနဲ့ တိုးချဲ့ဖို့အတွက် ဘယ်လောက်တောင် ကောင်းတဲ့ ဒီဇိုင်းလဲ...အော် ဒီလိုကိုး...ငါနားလည်ပြီ....ဒီပစ္စည်းတွေကို လုပ်တဲ့လူကဉာဏ်ကြီးရှင်ပဲ ဖြစ်ရမယ်...."

Hail the king(1-200)Where stories live. Discover now