145

602 70 2
                                    

Uni
=======
Hail The King
အပိုင်း(၁၄၅)

ဖှေး ခေါင်းကိုခါရမ်းလိုက်သည်။ ထို့နောက်တွင် သူ၏မျက်နှာတွင် အတန်ငယ်ထူးဆန်းသည့် အပြုံးတစ်ခုဖြင့်ပြောလိုက်၏။ "မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး...အဲ့အတွက်ကြောင့် မင်းငါ့ကိုတိုက်ခိုက်စရာမလိုဘူး...လူတချို့ကတော့ အနာဂတ်ပြသနာတွေကို ဖြေရှင်းဖို့အတွက် မင်းကိုသတ်ချင်ပေမယ့်...ငါကတော့ မင်းကို ငါ့အတွက်တစ်ခုပဲ လုပ်ပေးစေချင်တယ်...အဲ့တာပြီးရင် မင်းကို အရှေ့ဘက်တောင်ကနေ ဘေးရန်မသီခပဲ ချက်ချင်း ထွက်သွားခွင့်ပြုမယ်..."

"ဘာလုပ်ပေးရမှာလဲ...."

ဖှေး တစ်ဖက်သို့ လှည့်ကာ ပြိုကျထားသော နတ်စင်အပျက်စီးများထံသို့ လမ်းလျှောက်သွား၏။ ထို့နောက်တွင် ကျောက်စများကို သူ၏ ဓားဖြင့် ဖယ်ရှားလိုက်ပြီး မြေပြင်မှ တစ်စုံတစ်ခုကို ကောက်ယူလိုက်သည်။ ပေါ့ပါးပြီး အနုစိတ်သည့် ဒီဇိုင်းအသွင်ပြင်၊ သွေးများစွန်းထင်းနေသော်လည်း တောက်ပကာတစ်မျိုးထည်ဝါဆဲဖြစ်နေသည့် ဘုရင့်သရဖူပင်။

ဇီးနစ်အင်ပါယာအား ကိုယ်စားပြုသည့် မင်းသမီးတာနာရှာမှ ဖှေး၏ ဦးခေါင်းတွင် ဝတ်ဆင်ပေးကမည့် သရဖူပင်ဖြစ်သည်။ သရဖူသည် ဂုဏ်သရေနှင့် အာဏာကို ကိုယ်စားပြုသည်။ သို့သော် ဖြစ်ရပ်ပေါင်းများစွာဖြစ်ပွားခဲ့ပြီး ဖှေး၏ နန်းတက်ပွဲမှာ ပျက်စီးခဲ့သည်။ သရဖူအား ကိုင်ဆောင်ထားခဲ့သည့် အစောင့်စစ်သည်လည်း တိုက်ပွဲအတွင်းတွင် အသတ်ခံလိုက်ရပြီးဖြစ်သည်။ ဘုရင့်သရဖူမှာ သွေးများစွန်းထင်းပြီး ကျောက်တုံးများအောက်တွင် ရောက်နေခဲ့သည်။

ဖှေး သရဖူပေါ်မှ ဖုန်များကို ညင်သာစွာခါလိုက်ပြီး အန်ဂျယ်လာ၏ ဘေးသို့ပြန်လာခဲ့သည်။ ထို့နောက်တွင် အန်ဂျယ်လာပြင်ဆင်လာခဲ့သည့် ကောင်းကင်ပြာရောင် မင်းဝတ်တန်ဆာကို ဝတ်ဆင်လိုက်၏။ လက်တစ်ဖက်တွင် ဓားနှစ်လက်၊ လက်တစ်ဖက်တွင် သရဖူကိုကိုင်ထားရင် ဖှေး ပဲရစ်ကိုပြောလိုက်သည်။ "မင်းငါ့ကို သရဖူတင်ပေးရင် အရှေ့ဘက်တောင်ထိပ်ကနေ ထွက်သွားခွင့်ပေးမယ်...."

ထိုစကားလုံးများ ထွက်လာပြီးနောက်တွင် လူတိုင်း၏ မျက်နှာများ ရုတ်တရက် အရောင်ပြောင်းကုန်ကြသည်။

Hail the king(1-200)Where stories live. Discover now