174

606 65 7
                                    

Uni
=======
Hail The King
အပိုင်း(၁၇၄)

သုံ့ပန်းများကို အချုပ်ထဲသို့ ခေါ်ဆောင်သွားကြပြီး လက်နက်နှင့် ချပ်ဝတ်များကိုအမျိုးသမီး သူပုန်များစီးနှင်းခဲ့သည့် ရထားလုံးများပေါ်တွင် စနစ်တကျစီကာတင်လိုက်သည်။ ပျက်စီးနေသော ချပ်ဝတ်များနှင့် ကျိုးပဲ့နေသောလက်နက်များကိုပင် ချန်မထားခဲ့ပေ။ ချမ်းဘော့ဒ်မှာ ဥပဒေပြု အရာရှိများသည် ပစ္စည်းများ သိမ်းဆည်းရာတွင် လက်သံပြောင်လှ၏။ တိုင်းပြည်၏ အရှေ့လွင်ပြင်ထဲတွင် အခေါက်ပေါင်း၁၂ကြိမ်မျှပင် ရှာဖွေနေကြပြီး ငှက်မွေးတစ်ချောင်းကိုပင် ချန်မထားခဲ့ကြပေ။

ချမ်းဘော့ဒ်သည် ဤတိုက်ပွဲမှ ပစ္စည်းအမြောက်အမြားကိုရရှိခဲ့သည်။

လေးလံရှားပါးသော မြင်းစစ်သည်ချပ်ဝတ် အစုံ၅၀အပြင် ဒိုင်းကာပေါင်း၁၀၀ ကျော် လှံရှည်ပေါင်း၂၀၀ ကျော်၊ သံမဏိဓား ၃၀၀ ကျော်နှင့် အနုစိတ်သော ရှေ့သံချပ်အင်္ကျီ အစုံ၈၀ခန့်ကို ရရှိလိုက်သည်။ ဤပစ္စည်းများမှာ ချမ်းဘော့ဒ်ရှိစစ်သည်များကို လက်နက်အပြည့်စုံတပ်ဆင်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ ပျက်စီးနေသော ချပ်ဝတ်များနှင့် ဓားများကို သံတိုသံစများအဖြစ် သက်မှတ်မည်ဖြစ်သည်။ ထိုအရာများကိုအနောက်ဘက်တောင်တန်းထဲတွင်ရှိသော ပန်းပဲဆရာများထံသို့ ပို့မည်ဖြစ်၏။ ပြန်လည်ပြင်ဆင်၍သော်လည်းကောင်း အရည်ကြိုလိုက်၍သော်လည်းကောင်း ချပ်ဝတ်အသစ်များ၊ လက်နက်အသစ်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်လက်နက်ပစ္စည်းရှားပါးနေသည့် ပြသနာကို
သိသိသာသာ ပေါ့ပါးသွားစေမည်ဖြစ်သည်။

စစ်သည်များသည် အလွန်အလုပ်များနေဆဲပင်။ သို့သော် ခွေးအနက်ကြီးပေါ်မှ ဖှေးသည် ကလေးများနှင့်အတူ တိုင်းပြည်အတွင်းသို့ ပြန်ဝင်သွားပြီဖြစ်သည်။ ဖှေး သူတို့နှင့်ရယ်မောကာ စကားပြောနေသည့်အချိန်တွင် သူတို့အားလုံးစိတ်လှုပ်ရှားနေကြကြောင်းကို ထင်ရှားစွာမြင်နေရ၏။

တိုင်းပြည်၏ ဂိတ်တံကားအဝင်ဝသို့ရောက်သည့်အချိန်တွင် ချမ်းဘော့ဒ်မြို့သူမြို့သားများသည် မစောင့်နိုင်တော့ပဲ သူတို့အားကြိုဆိုရန်အတွက် တိုင်းပြည်အတွင်းမှ ပြေးထွက်လာကြသည်။ မိန်းမငယ်လေးများ၏ လက်ထဲတွင် ပန်းပွင့်များကိုင်ဆောင်ထားကြပြီး ဖှေးနှင့်စစ်သည်များ ဖြတ်လျှောက်သွားကြတော့မည့် လမ်းများပေါ်သို့ ကျဲချကြသည်။ "ဘုရင် အလတ်ဇန္ဒားကျန်းမာပါစေ"ဟူသော အော်သံများမှာ ကောင်းကင်ရံတွင် ဟိန်းနေ၏။ ကလေးများသည် ဖှေး၏ဘေးတွင်ရပ်ကာ သူတို့၏ ရင်ဘက်များကို ကော့ထားကြသည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ အသိမှတ်ပြုဖွယ်အောင်နိုင်မှုတစ်ခုအား ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်အတွက် ဂုဏ်ယူနေကြသည်။

Hail the king(1-200)Where stories live. Discover now