Uni
======
Hail The King
အပိုင်း(၁၉၂)အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်။
ဖှေး နံရံပေါ်တွင် ပျားအုံကဲ့သို့ လိုဏ်ဂူအပေါက်များအား လေ့လာနေခြင်းကို ၃ပုံနှစ်ပုံခန့်ပြီးသည့်အချိန်တွင် ပြောင်းလဲမှုအသစ်များစတင်၍ ဖြစ်ပေါ်လာတော့သည်။
"ဘာဖြစ်တာလဲ ပိုပြီးပူလာနေသလိုပဲ...."
ကမ္ဘာ့ဗဟိုမီးတောက်များကိုအသုံးပြု၍ မဟူရာသတ္တုများထုတ်ဖော်နေသည့် ချယ်စီနှင့် အမျိုးသမီးသူပုန်တစ်ချို့ မျက်မှောင်ကြုံ့ကာ ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ အရည်ချင်းရှိသော ပန်းပဲပညာရှင်တစ်ယောက်အနေဖြင့် ချယ်စီ၏ အပူချိန်အပေါ်တွင် အာရုံခံနိုင်မှုမှာ တစ်ခြားလူများထက် ပို၍သာလွန်သည်။ အပူချိန် အနည်းငယ်မျှ ပြောင်းလဲသွားခြင်းပင်လျှင် ချယ်စီ၏ အာရုံခံမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ခယြျစီပွောသညျကျို ကြားသည့်အခါတွင် အလုပ်လုပ်နေကြသော အမျိုးသမီးသူပုန်များလည်း ဘေးပတ်ဝန်းကျင်သို့ လေ့လာကြည့်လိုက်ကြသည်။ ဆံပင်အညိုရောင်နှင့် သူပုန်မလေးတစ်ဦးသည် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများကို ကြည့်လိုက်မိပြီး လက်ညိုးထိုးကာ ပြောလိုက်၏။ "ဟုတ်တယ်...ဒီမှာကြည့် အက်ကွဲကြောင်းထဲကနေ ရေနွေးငွေ့တွေပျံတက်လာနေတယ်..."
လူတိုင်း မြေပြင်ပေါ်မှ အက်ကွဲကြောင်းများထံသို့ ကြည့်လိုက်ကြပြီး အပူချိန်မှာ အက်ကွဲကြောင်းများထံမှ ပျံတက်လာသော ရေနွေးငွေ့များထံမှ လာနေကြောင်းကို သိလိုက်ကြသည်။
ဖှေး အက်ကွဲကြောင်းအတွင်းသို့ လက်ထည့်ကြည့်လိုက်ရာ အပူချိန်မှာ နှေးကွေးစွာဖြင့် တရိပ်တရိပ်တက်လာသည်ကို ရှင်းလင်းစွာခံစားလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင်တစ်ခုလုံးသည် နွေးထွေးကာ စိုဆွတ်လာတော့သည်။ ထို့အပြင် နောက်ထက် ထူးဆန်းသည့် အရာတစ်ခုကို သတိထားလိုက်မိသည်။ "ဟမ်...မြူတွေပါ့လား...ဘာလို့ဒီလိုနေရာမှာ မြူတွေဒီလောက်ဆိုင်းလာရတာလဲ...."
"မြူလား...ဒီနေရာမှာ ဘယ်လိုလုပ်ပြီး မြူတွေရှိနိုင်မလဲ..."
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...