Uni
======
Hail The King
အပိုင်း(၁၄)ယခုမှပင် အခြေအနေများ တစ်မျိုးပြောင်းထူဆန်းနေသည်ကို အန်ဂျယ်လာနှင့် အမ်မာ သတိထားမိသည်။
စစ်သားများသည် အလတ်ဇန္ဓားအား လွန်စွာလေးစားသည့် အကြည့်များဖြင့် ဝိုင်းကြည့်နေကြ၏။ယခင်က ချမ်းဘော့ဒ် တိုင်းပြည်ရှိလူအားလုံး၏ ရယ်စရာဟာသတစ်ခုဖြစ်ခဲ့သော ဘုရင် အလတ်ဇန္ဓား သည်ယခုအခါတွင် စစ်သားများ၏သက်စွန့်ကာကွယ်လိုသည်အထိ လေးစားရသော သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့လေပြီ။ထိုကဲ့သို့လေးစားမှုကို ယခင်က လမ်းပါ့ဒ် တစ်ယောက်သာ ရရှိဖူး၏။
"ဘုရင် အလတ်ဇန္ဓား ကျန်းမာပါစေ။"
"ဘုရင် အလတ်ဇန္ဓား အသက်ရှည်ပါစေ..."
ဖှေး အန်ဂျယ်လာရှေ့တွင် မြှောက်ကြွနေသလိုခံစားရ၏။စစ်သားများအား ယောက်ျားလေးများသာ နားလည်နိုင်သော အထာဖြင့် မျက်စပစ်ပြလိုက်သည်။စစ်သားများသည်လည်း နားလည်သဘောပေါက်ပြီး အလိုက်သိကြသည်။ သူတို့၏ လက်နက်များကို မြှောက်ကာ ပိုမိုကျယ်လောင်စွာ အော်ဟစ်ကြသည်။
"ဘုရင် အလတ်ဇန္ဓား ကျန်းမာပါစေ။"
ယခင်ကစစ်သားများသည် အလတ်ဇန္ဓား အား သူ၏ ဇနီးလောင်း အန်ဂျယ်လာနှင့် မထိုက်တန်ဟု သက်မှတ်ခဲ့ကြသည်။ကျပ်မပြည့်သော ဘုရင်နှင့် စေ့စပ်ထားရသည့်အတွက် အန်ဂျယ်လာကိုပင် သနားမိခဲ့ကြ၏။သို့သော်ယခုအခါတွင် အလတ်ဇန္ဓား မှလွဲပြီး အန်ဂျယ်လားအား ထိုက်တန်သည့်သူမရှိတော့ပေ။
အန်ဂျယ်လာနှင့် အမ်မာသည် အလတ်ဇန္ဓား နှင့် ပတ်သက်၍ ထိုကဲ့သို့အခြေအနေမျိုးမကြုံဖူးကြခြေ။ ဘာတွေဖြစ်ကုန်မှန်း နားမလည်နိုင်ကြတော့။
ထိုအချိန်တွင်.....
"အရှင်မင်းကြီး ပီးရာ့စ် အခြေနေသိပ်မကောင်းတော့ဘူး...."
ဘုရင့်အစောင့်တပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ဘရွတ် ပြေးလာသည်။
အလတ်ဇန္ဓားသည် ဆရာဝန်တစ်ယောက်မဟုတ်မှန်းသိသော်လဲ ယနေ့တွင် ပြခဲ့သော စွမ်းဆောင်ရည်များကြောင့် မျှော်လင့်ချက်အနည်းငယ်တော့ရှိသည်ဟု ဘရွတ်ထင်၏။ဖှေးထံတွင် မထုတ်ပြရသေးသော ပညာရပ်များရှိလိမ့်မည်ဟု မျှော်လင့်နေသည်။ "ကျေးဇူးပြုပြီး မျှော်လင့်မထားတာတစ်ခုထက်လုပ်ပြပါ ဘုရင်အလတ်ဇန္ဓား" ဘရွတ်ဆုတောင်းမိ၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...