108

596 70 2
                                    

Uni
======
Hail The King
အပိုင်း(၁၀၈)

"မင်းတော်တော် ရိုင်းစိုင်းပါလား..ချက်ချင်းမင်းသမီးကို ဒူးထောက်ပြီးတောင်းပန်လိုက်စမ်း..." ကိုယ်ရံတော်များသည် ဖှေးအား စိုက်ကြည့်နေကြသည်။ တစ်စုံတစ်ခုလှုပ်ရှားသည်နှင့် ဓားများဆွဲထုတ်ပြီး ချက်ချင်းစတင်တိုက်ခိုက်တော့မည့် အနေအထားပင်။

"ဟားဟား မင်းတို့တွေကြည့်ပဲဆိုရင် ငါ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး...."

ဖှေးပျင်းရိစွာဖြင့် သူ၏ခုံးများကို ပင့်တင်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပို၍ သန်မာသော စွမ်းအင်အရှိန်အဝါများထွက်ပေါ်လာသည်။ မမြင်နိုင်သော လေးလံလှသော ဖိအားမှာ ခရမ်းရောင်ချပ်ဝတ်များနှင့် ကိုယ်ရံတော်များထံသို့ ကျရောက်သွားသည်။ သူတို့အားလုံး ဓားများဆွဲထုတ်ဖို့နေနေသာသာ ကောင်းမွန်စွာပင်လှုပ်ရှား စကားမပြောနိုင်ကြတော့ပေ။ အမှောင်ထဲတွင် ပုန်းအောင်းနေကြသော ကျန်ကိုယ်ရံတော်များပင် ဤစွမ်းအားကိုခံစားမိကြပြီး အသက်ပင်ကောင်းကောင်းမရှူရဲဖြစ်ကုန်ကြ၏။

"ရတယ် သူ့ကိုသွားခွင့်ပေးလိုက်..."

ဤအဖြစ်ပျက်များ အားလုံးကိုတိတ်ဆိတ်စွာကြည့်နေသော မင်းသမီးသည် ရုတ်တရက် လက်ဝှေ့ရမ်းလိုက်ပြီး အစောင့်များကို အမိန့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဖှေးလဲပြုံးလိုက်ပြီး သူ၏ စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ခရမ်းရောင်ချပ်ဝတ်နှင့် ကိုယ်ရံတော်လေးယောက်သည် သူတို့ခံစားနေရသော လေးလံသည့် ဖိအားမှာရုတ်တရက်ပျောက်ကွယ်သွားသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အထိတ်တလန့်ဖြစ်ကုန်ကြ၏။ သူတို့၏အရှေ့တွင်ရှိသော နိုင်ငံငယ်လေးတစ်ခု၏ ဘုရင်သည် ဤကဲ့သို့ကြောက်မက်ဖွယ်အဆင့်ရှိ စွမ်းအားများပိုင်ဆိုင်နေမည်ဟု မမျှော်လင့်ထားချေ။ အစောင့်လေးယောက်သည် မင်းသမီးအား အရိုအသေပေးလိုက်ပြီး မြင်ကွင်းမှ ပြန်လည်ပျောက်ကွယ်သွားကြတော့သည်။

ဖှေးလည်း စတင်ထွက်ခွာရန်ပြင်လိုက်သည်။

ခြေလှမ်းပေါင်းအနည်းငယ်လှမ်းပြီးချိန်တွင် တဈစုံတဈခုကျို သတိရသွားပြီး ရုတ်တရက်ရပ်တန့်လိုက်သည်။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ ခရမ်းရောင်ဆေးပုလင်းလေးတစ်ခုအား မင်းသမီးအရှေ့သို့ ပစ်ပေးလိုက်ပြီး
"နင်ရင်ဆိုင်နေရတဲ့ ပြသနာတွေကမသေးဘူးလို့ပြောရလိမ့်မယ် မင်းသမီး...နင်သိပ်ပြီး ကြာကြာခံနိုင်မှာမဟုတ်တော့ဘူး..ဒီဆေးပုလင်းကို ယူလိုက်ပါ နင့်ရဲ့မကျန်းမာတဲ့ခန္ဓာကိုယ်အတွက် အနည်းငယ်တော့ ကူညီပေးနိုင်လိမ့်မယ်...."ဟုပြောပြီး ဖှေးလှည့်ပင် မကြည့်ပဲထွက်ခွာသွားတော့၏။

Hail the king(1-200)Where stories live. Discover now