96

644 78 2
                                    

Uni
======
Hail The King
အပိုင်း(၉၆)

အခန်းထဲတွင် အိုလတ်ဂ်နှင့် ဖှေးတို့သာကျန်ခဲ့ကြသည်။ ဖှေး အိုလတ်ဂ်ကို ခြေဆုံးခေါင်းဆုံးလိုက်ကြည့်နေသည်။ ထို့နောက်တွင် ပြောလိုက်သည် "တော်တော်ကောင်းတယ်....မင်းတော်တော်တော်တယ် အိုလတ်ဂ် မင်းငါဘာပြောနေလဲဆိုတာသိတယ်မလား....."

အိုလတ်ဂ် ခေါင်းငြိမ့်ပြလိုက်သည်။

အိုလတ်ဂ်ဖှေးဆိုလိုသည်ကို ကောင်းစွာသဘောပေါက်သည်။ ဝန်ကြီးချုပ်ဟောင်းဘစ်ဇားကို တိုင်းပြည်သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ သူသည်ထွက်ပြေး လွတ်မြောက်သွားသော်လည်း ကျန်ရှိသည့် သူ၏လူများအားလုံးကို ဖှေးကိုယ်တိုင်သော်လည်းကောင်း ပီတာနှင့်ဘရွတ်တို့ ဦးဆောင်၍သော်လည်းကောင်း အကုန်ကွပ်မျက်သုတ်သင်ပြီးပြီဖြစ်သည်။ အသက်ရှင်နေသေးသူတစ်ဦးဆို၍ အိုလတ်ဂ်တစ်ယောက်သာကျန်တော့သည်။ အိုလတ်ဂ်သည် ကျောက်တံတားပေါ်မှတိုက်ပွဲတွင် ရွတ်ရွတ်ချွံချွံပါဝင်တိုက်ခိုက်ခဲ့မှုကြောင့် ဖှေးမှ ခွင့်လွတ်ပြီး မိမိကိုယ်မိမိပြုပြင်ရန်ဒုတိယအခွင့်ရေးပေးခဲ့ခြင်းဖြစ်သည်။

"အခုလိုပြောင်းလဲဖို့ အခွင့်ရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...."
အိုလတ်ဂ် ကျေးဇူးတင်လိုက်သည်။

ထို့နောက်တွင် ဖှေးရှေ့တွင် ဒူးထောက်အရိုသေပေးလိုက်သည်။

ဖှေး အိုလတျဂျကျိုကွညျ့ပွီး ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ သူဘာမှဆက်မပြောတော့ပေ။

ထို့နောက်တွင် ရုတ်တရက်တစ်စုံတစ်ခုကို သတိရလိုက်ပြီး အနီရောင်မှော်တလင်းကျောက်တစ်ခုကို သူ၏အရှေ့တွင်ရှိသောစားပွဲပေါ်သို့တင်လိုက်ပြီး မေးလိုက်သည်။ "ဒါကိုတစ်ချက်ကြည့်ကြည့်စမ်းပါ....ဒါဘာလဲမင်းသိလား....."

"ဒါက အဆင့်နှိမ့် မီးမှော်သလင်းကျောက်ပဲ......."

အိုလတ်ဂ်အနည်းငယ်အံ့သြနေသည့် အမူယာဖြင့် ရိုးသားစွာပြန်ဖြေလိုက်သည်။

"မင်းသိတယ်ဆိုတော့ ငါတို့အဲ့အကြောင်းပြောရအောင်၊ မှော်တလင်းကျောက်တွေအကြောင်း မင်းဘယ်လောက်ထိသိထားလဲ....."

Hail the king(1-200)Where stories live. Discover now