58

777 103 2
                                    

Uni
=====
Hail The King
အပိုင်း(၅၈) "ပါတီပွဲအတွင်း မတော်တဆမှု"

ခမ်းနားထည်ဝါသော အဆောက်ဦးများအကြောင်းပြောရပါက ချမ်းဘော့ဒ်ဘုရင့်နန်းတော်သည် ဇီးနစ်အင်ပါယာ၏ လက်အောက်ခံနိုင်ငံပေါင်း၂၅၀ထဲဲတွင် ထိပ်တန်း ၃အဆင့် အခမ်းနားအလှပဆုံးဖြစ်သည်။ ဆောက်လုပ်ရာတွင် ကြီးမားဖြူဖွေးနေသော ကျောက်တုံးကြီးများကိုသာ ရွေးချယ်အသုံးပြုထား၏။ နန်းတော်၏ အရှေ့တွင်အလွန်ကျယ်ဝန်းသော ရင်ပြင်ကြီးတစ်ခုရှိသည် ထိုရင်ပြင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်များတွင် ကိုက်၄၀ခန့်ရှည်လျားသော ကျောက်တိုင်လုံးကြီးများနှင့်၊ ကိုက်၂၀ခန့်အမြင့်ရှိ နတ်ဘုရားရုပ်ထုကြီးများ တည်ရှိသည်။ ဘုရင့်၏ နန်းတော်မှာ ထိုတိုင်လုံးများ၊ ရုပ်တုများ၏ အနောက်ဘက်တွင်ဖြစ်သည်။ ရင်ပြင်၏ တောင်ဘက်တွင် စစ်သားများနှင့် မြို့သူမြို့သားများ ဝင်ထွက်သွားလာရာ ဂိတ်တံခါးရှိ၏။

အောင်ပွဲခံပါတီအား အပြင်ရှိ ကျောက်ရင်ပြင်ပေါ်တွင် ကျင်းပမည်ဖြစ်သည်။

ပါတီပွဲလာသူ လူအုပ်ကြီးမှာ နန်းတော်ရှေ့ရင်ပြင်တွင်စုနေကြပြီဖြစ်၏။ မီးပုံကြီး ၆ပုံအား မှောင်မိုက်သောညတွင် အလင်းရောင်ရစေရန် ထွန်းညှိထား၏။ စစ်သားများနှင့် မြို့သူမြို့သားများတည်ဆောက်ထားသော ကြီးမားသည့် မျှော်စဥ်ဆယ်ခုမှာ ရင်ပြင်၏အလယ်ခေါင်တွင်နေရာချထား၏။ မျှော်စဥ်မှာ ၇ကိုကျခနျအမွငျ့ရှိပွီး တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြသည့် ရဲမက်များ၏ အလောင်းများကို မျှော်စဥ်၏ အထပ်များပေါ်တွင် တင်ထားကြ၏။

ဘုရင့်အစောင့်တပ်ဖွဲ့မှစစ်သားများသည် လက်ထဲတွက်လှံရှည်များကိုင်စွဲလျှက် ရင်ပြင်နှင့် ဘုရင့်နန်းတော်အား ကင်းလှည့်လျှက်ရှိသည်။အဖြူရောင်ဝတ်စုံများဖြင့် မြို့သူမြို့သားများမှာ တီးမှုတ်ကခုန်နေကြ၏။ ဆပ်ကပ်သမားများမှာ စားပွဲပေါ်တွင် ကျွမ်းထိုးကာ ဖျော်ဖြေလျှက်ရှိသည်။ လှပသည့်အမျိုးသမီးငယ်များမှာ လက်ချင်းချိတ်လျှက် မီးပုံအား ပတ်လှည်ဝိုင်းကာ ကခုန်လျှက်ရှိကြ၏။ လူအများမှာ ရှင်သန်ခြင်းနှင့် မျှော်လင့်ချက်ကို ကိုယ်စားပြုသော အစိမ်းရောင်စုံသစ်ကိုင်းများကို ကိုင်တွယ်ထားကြပြီး ရယ်မောပျော်ရွင်လျှက်ရှိကြသည်။

Hail the king(1-200)Where stories live. Discover now