Uni
======
Hail The King
အပိုင်း(၁၄၇)လူတိုင်း သူတို့၏သွားများရိုက်ခတ်နေသံကိုပင် ကြားနေရသည်။
"ဖုန်း..."
ဒရော့ဂ်ဘာ သူ၏ ပုခုံးပေါ်တွင် စိုက်ဝင်နေသော ဓားရှည်အားဆွဲနုတ်ကာမြေပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက်တွင် ဒဏ်ရာအား လက်သီးဖြင့် နှစ်ချက်သုံးချက်ခန့် ပုတ်လိုက်ရာသွေးများပန်းထွက်လာသည်။ ပြုံးရယ်ကာ စိတ်လှုပ်ရှားလာသည့် အမူအရာတစ်ခု သူ၏ မျက်နှာပေါ်တွင်ပေါ်လာ၏။ နာကြင်မှုကို မခံစားကသောဟန်ဖြင့် သူအော်လိုက်သည်။ "နောက်ထပ်ဘယ်ကောင်လာဦးမလဲကွ ထွက်ခဲ့စမ်း..ဟားဟားဟား..."
သူ၏ အရှေ့တွက်ရှိသော လူများမှာ ကြောက်လန့်ပြီး ဒူးများပင် ခွေယိုင်လာကြသည်။
"မင်း...အေး မင်းထွက်ခဲ့စမ်..." ဒရော့ဂ်ဘာ ရှန်ဟွာတိုင်းပြည်မှ ဗလတောင့်တောင့်နှင့် အစောင့်တစ်ယောက်အား လက်ညိုးထိုးလိုက်သည်။
ထိုအစောင့်မှာ တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ထွက်လာ၏။ ကြောက်လွန်းသဖြင့် ရူးသွားခြင်းလားမသိ ရုတ်တရက်အော်ဟစ်ပြီး သူ၏ဓားကိုဝှေ့ရမ်းကာ ဒဏ်ရာရသားရဲတစ်ကောင်ကဲ့သို့ ပြေးဝင်လာတော့သည်။
"ဖုန်း..."
လက်သီးတစ်ချက်ထဲပင် ဤတစ်ကြိမ်တွင်မူ အစောင့်၏ ဓားမှာ ဒရော့ဂ်ဘာဘာထံသို့ပင်မရောက်လိုက်ချေ။ ဒရော့ဂ်ဘာသည် အတိမ်းအရှောင် မကျွမ်းချင်ဟန်ဆောင်နေပြီး ရုတ်တရက်အနားရောက်သည့်အချိန်မှ ရှောင်လိုက်ပြီး အစောင့်၏ ဦးခေါင်းကို လက်သီးဖြင့်ထိုးကာ ခြေမွလိုက်ခြင်းဖြစ်သည်။
ဤအစောင့်သည် ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည်။ သို့သော် သူသည် ကြောက်လန့်လွန်းအားကြီးနေသဖြင့် ကောင်းမွန်စွာမတိုက်ခိုက်နိုင်တော့ပေ။ ထို့အပြင် ဒရော့ဂ်ဘာသည် ဟော့ခ်ဆေးပုလင်း သောက်သုံးထားသဖြင့် သူ၏ခန္ဓာကိုယ်အရွယ်စားနှင့် ခွန်အားတို့မှာ သာမန်လူများ ထင်ထားသည်ထက်ပင် ပို၍ကြီးမားနေသည်။ ထို့အပြင် သူသည်ဉာဏ်အလွန်များသည့် လူတစ်ယောက်လဲ ဖြစ်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...