98

614 77 2
                                    

Uni
======
Hail The King
အပိုင်း(၉၈)

"ငါဒါကို မယုံနိုင်ဘူး...နောက်ထပ်အကြိမ်အနည်းငယ်လောက် ထပ်ပြီးကြိုးစားကြည့်ရအောင်.....ဒီတစ်ခါတစ်ယောက်ခြင်း လုပ်ကြည့်ရအောင်......" ဖှေး ခရမ်းရောင်ဆံပင်နှင့် အရပ်ပုပုနှင့်ကောင်မလေးတစ်ယောက်၏ လက်ကိုဆွဲယူရင်းပြောလိုက်သည်။ ထို့နောက်တွင် အပြာရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး ဖှေးဝါးရစ်နှင့်အတူပျောက်ကွယ်သွားသည်။ သို့သော် အရပ်ပုပုနှင့်ကောင်မလေးမှာ ဤနေရာ၌တွင်ရှိနေဆဲပင်။

အပြာရောင်အလင်းတစ်ခုတောက်ပသွားပြီး ဖှေးစိတ်ဆိုးစွာဖြင့် ပြန်ရောက်လာသည်။

"နောက်တစ်ခါ ထပ်လုပ်ကြည့်မယ်....."

ဖှေး ထက်မံပျောက်ကွယ်သွားသည်။

ဖှေး ထက်မံပြန်ရောက်လာသည်။

ဖှေး ထက်မံပျောက်ကွယ်သွားသည်။

.........

၁၀မိနစ်ခန့်ကြာသော် ဖှေးကောင်မလေးတိုင်း၏ လက်ကိုပင် ကိုင်ပြီးသွားပြီဖြစ်သည်။ ပထမဆုံးတွင်ဖှေးသည် အဘယ်ကြောင့်မရသည်ကို အဖြေရှာရန်ကြိုးစားနေခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ကောင်မလေးများ၏ လက်များကိုကိုင်လိုသည့်အတွက် အခွင့်ကောင်းအနေဖြင့်သာ အသုံးချတော့၏။ အမျိုးသမီးသူပုန်များအားလုံးမှာ ငယ်ရွယ်လှပသည့်ကောင်မလေးများဖြစ်ကြသည်။ ထို့ကြောင့်အခွင့်ရေးရှိတုန်း အသုံးမချရန်မှာ အလွန်မိုက်မဲရာကျပေလိမ့်မည်။

သို့သော် လူ့တ်ဂိုလိမ်သို့ အယ်လီနာမှလွဲ၍ တစ်ယောက်မှ ပါမလာခဲ့ချေ။

"ဒါတော်တော်ထူးဆန်းတာပဲ ငါသတိမထားမိတဲ့အရာတစ်ခုများရှိနေမလားပဲ......"

ဖှေး ခေါင်းငုံ့ပြီးအကြောင်းပြချက်တစ်ချို့ကို စတင်တွေးခေါ်ကြည့်သည်။

အကုန်လုံးမှာ အမျိုးသမီးသူပုန်များ ဖြစ်နေပါလျှက်အဘယ်ကြောင့် အယ်လီနာတစ်ယောက်ထဲကိုသာ လူ့တ်ဂိုလိမ်မြို့သို့ ခေါ်သွားလို့ရနေတာ ဘာကြောင့်လဲ။ ဖှေး ယခုလက်ရှိအခြေအနေများမှာ ဆင့်ခေါ့်ခြင်းကိုအသုံးပြုပြီး အယ်လီနာတစ်ယောက်ထဲကိုသာ ဆင့်ခေါ်နိုင်ခြင်းနှင့် ဆက်စက်မှုရှိသည်ဟု စတင်ခံစားမိလာသည်။

Hail the king(1-200)Where stories live. Discover now