Uni
=====
Hail The King
အပိုင်း(၃၉)ဖှေး၏ ပြောင်းလဲမှုရလဒ်များအား ချက်ချင်းပင် ပြန်လည်အကြောင်းကြားလိုက်သည်။
ဖှေး ရှေှဒငျ်ဂါး ၂၉၀၀၀ခန့်အသုံးပြုပြီးသော် [သွေးပုလင်း အလတ်စား]နှစ်လုံးနှင့် [သက်လုံ ဆေးပုလင်း]တစ်လုံးတို့ကို အပြင်သို့ယူဆောင်သွားခွင့်ရလိုက်သည်။အောင်မြင်နိုင်ချေမှာ ၂၅ရာခိုင်နှုန်းနှင့် ၃၅ရာခိုင်နှုန်းခန့်သာရှိသောကြောင့် ဆုံးရှုံးနိုင်သည်ကို သိရှိပြီးဖြစ်သော်လည်း ဆုံရှုံးသွားသည့်ပစ္စည်းများကို ဖှေးနှမြောမိသည်။
သို့သော် အောင်မြင်ချေမှာလည်း နည်းလွန်းသဖြင့် လက်ရှိသယ်ဆောင်ခွင့်ရသည်ကိုပင် ဝမ်းသာရမည်ဖြစ်သည်။
ယနေ့အတွက် အများဆုံးဂိမ်းကစားနိုင်သည့် အချိန်သို့ရောက်ရှိရန် ၁နာရီကျော်လောက်သာလိုတော့သည်။သူ၏လူရိုင်းဇာတ်ကောင်အဖြစ် ကစားနေခြင်းမှ ထွက်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် ဆွဲငင်အားမဲ့သွားသလိုခံစားလိုက်ရပြီး ဇာတ်ကောင်ရွေးချယ်နိုင်သည့် ဖန်သားပြင်ရှိသည့်နေရာသို့ ရောကျရှိလာသညျကိုတှေ့ရသညျ။
ဖှေးဖန်သားပြင်ပေါ်တွင် အနည်းငယ်ပြောင်းလဲမှုများကိုတွေ့ရသည်။ ဖှေး၏ လူရိုင်းဇာတ်ကောင်မှာ ဖှေးဝတ်ဆင်ခဲ့သော ချပ်ဝတ်များနှင့် ပစ္စည်းများအားတပ်ဆင်ထားသည်ကိုတွေ့ရသည်။ လယ်ဗယ်(အဆင့်)၁၂ ဖြစ်သောကြောင့် တခြားလယ်ဗယ် ၀ ဇာတ်ကောင်များနှင့်ယှဥ်ပါက အရွယ်အစားအားဖြင့် အနည်းငယ်ပိုကြီးနေသည်ကိုလဲတွေ့ရသည်။
"ဒိုင်ယာဘလို ကမ္ဘာမှာ ဖြစ်ပျက်ခဲ့တဲ့ပြောင်းလဲမှုတွေက ဒီဖန်သားပြင်ပေါ်မှာလာပေါ်နေတာပဲ..."
ဇာတ်ကောင်အမျိုးအစားတစ်ခုတွင် ဇာတ်ကောင်တစ်ခုသာ အသုံးပြုနိုင်သည်ကိုလဲတွေ့ရသည်။ ဥပမာအားဖြင့် ဖှေးသည် လူရိုင်းဇာတ်ကောင်၊ မှော်ဆရာဇာတ်ကောင် အစရှိသဖြင့်ဇာတ်ကောင်များပြောင်းလဲ ဆော့ကစားနိုင်သော်လည်း လူရိုင်းဇာတ်ကောင်ချည်းပဲ ဇာတ်ကောင်နှစ်ခုပြုလုပ်၍ ကစား၍မရပေ။
ထိုသို့ကန့်သက်ထားသည်မှာ အကြောင်းပြချက်တစ်ခုခု ရှိကောင်းရှိနိုင်သည်။ သို့သော် ဖှေးတွေးနေရန်အချိန်မရှိပေ။ ယခုအခေါက်တွင် မှော်ဆရာဇာတ်ကောင်အားရွေးချယ်လိုက်ပြီး ဒိုင်ယာဘလို ကမ္ဘာအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...