36

830 94 2
                                    

Uni
=====
Hail The King
အပိုင်း(၃၆)

အယ်လီနာသည် ဖှေးနှင့်အတူရှိနေသည့် အချိန်တိုင်းတွင် လုံခြုံစိတ်ချသလို ခံစားရသည်။သူမနှင့် သူမ၏သွေးသောက်ညီအမများ ခက်ခက်ခဲခဲရင်ဆိုင်ရသော မကောင်းဆိုးဝါး များမှာ ဖှေးနှင့်အတူရှိနေချိန်တွင် ဂေါ်ဖီထုတ်များကဲ့သို့ပင် သတ်ဖြတ်ရလွယ်ကူနေသည်။မကောင်းဆိုးဝါးအားလုံးမှာ ဖှေး၏ တားဆီးခြင်းကိုခံရသဖြင့် အယ်လီနာ ၏အနားသို့ ဘယ်နည်းနှင့်မှရောက်မလာနိုင်ချေ။ဖှေးသည် ထိခိုက်စေမှုများအား ကာကွယ် ဆီးတားပေးနေသော တံတိုင်းကြီးကဲ့သို့ပင်။

အတွေ့အကြုံသည် သူမ၏ ကိုယ်ရံတော်နှင့် သခင်ဆက်ဆံရေးအပေါ် ထားရှိခဲ့သော အမြင်အားပြောင်းလဲစေခဲ့သည်။ ခေါင်းဆောင်ခက်ရှာအပါအဝင် လူတိုင်းပြောသည့်ပုံအရ ခရီးသွားများသည် ကိုယ်ရံတော်များအား လက်နက်တစ်ခုဟုဟာ သဘောထားပြီး အသုံးချခဲ့ကြသည်။တချို့ခရီးသွားများဆိုလျှင် သူတို့၏ကိုယ်ရံတော်များအား လူသားဒိုင်းအဖြစ်ပင် အသုံးချခဲ့သည်များလည်းရှိသည်။ ထို့ကဲသို့ဖြစ်ရပ်များကြောင့် [သူပုန် စခန်း]တွင် စစ်သည်ပေါင်းများစွာသေကြေခဲ့ရသည်။

သို့သော်စခန်း၏ ဖြစ်တည်မှုနှင့် စခန်းအတွင်းရှိ တိုက်ခိုက်နိုင်စွမ်းမရှိသည့် နေထိုင်သူများအားကာကွယ်ရန်အတွက် အမျိုးသမီးသူပုန်များမှာ ခရီးသွားများထံသို့ ကိုယ်ရံတော် အဖြစ်ဖြင့် ဝင်ရောက်လုပ်ကိုင်ကာ မိမိကိုယ်ကိုယ် စွန့်လွှတ်ကြရသည်။

သို့သော် သူမ၏အရှေ့တွင်ရှိသော လူရိုင်းဇာတ်ကောင် ခရီးသွားဖှေးမှာ ထိုကဲ့သို့မဟုတ်ကြောင်းထင်ရှားသည်။ပုံပြင်များမှာ မမှန်ကန်သည့်အတွက်လား သို့မဟုတ် သူမကံကောင်းပြီး ဂရုစိုက်ကြင်နာတတ်တဲ့ခရီးသွားနှင့် တွေ့ခြင်းလားမသိပေ။

"အချိန်တွေကြာပြီးပြောင်းလဲသွားလို့နေမှာပါ။ ခရီးသွားတွေပျောက်ကွယ်ကုန်ပြီး သူပုန်စခန်း စွန့်ပစ်ခြင်းခံထားရတာ နှစ်၆၀လောက်လဲ ရှိပြီလေ။အရာအားလုံးပြောင်းလဲသွားခဲ့ပြီပေါ့..."အယ်လီနာထိုကဲ့သို့သာ ကောက်ချက်ချလိုက်သည်။

Hail the king(1-200)Where stories live. Discover now