54

803 95 2
                                    

Uni
=====
Hail The King
အပိုင်း(၅၄) "ဘုရင်နှင့် အတူ"

ချက်ခြင်းပင် ပီးရာ့စ် နှင့် ဒရော့ဂ်ဘာဦးဆောင်ပြီး အော်ဟစ်ကာရန်သူများထံ ချီတပ်သွားကြ၏။ ချမ်းဘော့ဒ် လူသန်ကြီးများနှင့် ရန်သူ့အရာရှိများ၏ တိုက်ပွဲမှာ စတင်ပြီဖြစ်သည်။

ပီးရာ့စ်နှင့် ဒရော့ဂ်ဘာပါဝင်သော လူသန်ကြီးများသည် အတွင်းအားအသုံးချနိုင်စွမ်းမရှိကြချေ။သူတို့၏တိုက်ခိုက်ပုံများမှာလည်း တိုက်ပွဲများစွာတိုက်ခိုက်ဖူးသည့် ရန်သူအရာရှိများလောက် အဆင့်မမြင့်ပေ။ ရန်သူအရာရှိများနှင့် တစ်ယောက်ခြင်းတိုက်ခိုက်နိုင်စွမ်းမရှိပေ။ သို့သော်လည်း ကံကောင်းစွာဖြင့် မိမိတို့မှာ လူအရေအတွက်ပိုများပြီး ဖှေးပေးထားသည့် အပြာရောင်နှင် အနီရောင် မှော်ရည်အိပ်များလည်းရှိနေသေးသည်။သူတို့အားလုံးထဲတွင် သေရမည်ကိုကြောက်သည့်သူမပါ။ ကြယ်တစ်လုံးအဆင့်ဖြစ်သည့် အိုလတ်ဂ်ကတော့ ထိန်းထားနိုင်သည်။ မည်သည့်အဖွဲ့နိုင်မည်ဆိုသည်ကိုကား မည်သူမှမပြောနိုင်ချေ။

သို့သော်လည်း သေကြေမှုများကိုတော့ ရှောင်လွှဲ၍မရ။

ရန်သူအရာရှိတစ်ယောက်မှာ လူသန်တစ်ယောက်လွှဲရိုက်လိုက်သော ပုဆိန်အားရှောင်ပြီး သူ၏ ဓားဖြင့် မြွေတစ်ကောင်ကဲ့သို့ ပြန်လည်တိုက်ခိုက်လိုက်သည်။ ထိုဓားချက်မှာ သံမဏိချပ်ဝတ်၏ အနည်းငယ် လှစ်ဟနေသော နေရောမှတဆင့် လူသန်ကြီး၏ ဝမ်းဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုလူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာကြောင့် အေးစက်သွား၏။ အသက်ရှင်နိုင်တော့မည်မဟုတ် ကြောင်းမှာထင်ရှား၏။

သို့သော်လည်း ရန်သူမှာဓားကိုနုတ်ပြီး မရယ်မောနိုင်ခင်မှာပင် အဖြစ်ဆိုးတစ်ခုနှင့်ကြုံတွေ့လိုက်ရသည်။သူ၏ဓားချက်ကြောင့် ဒဏ်ရာအကြီးအကျယ်ရသွားသည့်လူမှာ ပုဆိန်ကိုလွှင့်ပစ်လိုက်ပြီး သူ့အားလက်မောင်းများဖြင့် ချုပ်လိုက်၏။လူသန်ကြီးမှာ သူ၏လက်မောင်းများဖြင့် တင်းကြပ်စွာချုပ်ကိုင်ထားလိုက်သောကြောင့် ရန်သူအရာရှိမှာ အသက်ရှူရန်ပင် ခက်ခဲသွား၏။ရန်သူဘယ်လိုမှ မတုန့်ပြန်နိုင်သေးခင်မှာပင် လူသန်ကြီးမှာ "ချမ်းဘော့ဒ် အတွက်"ဟု ကျယ်လောက်စွာအော်ဟစ်ပြီး အနီးအနားရှိ တခြားရန်သူအရာရှိနှစ်ဦးကိုပါ ပြေးတိုက်ကာ သူတို့လေးယောက်လုံးမြစ်ထဲကျသွားတော့သည်။အချိန်ခဏအတွင်းမှာပင် မြစ်အတွင်းရှိ လူသားစားငါးများဝိုင်းဝန်းကိုက်ဖြတ်မှုကြောင့် အရိုးစုများသာ ကျန်ရှိတော့သည်။

Hail the king(1-200)Where stories live. Discover now