13

1K 125 2
                                    

Uni
=====
Hail The King
အပိုင်း(၁၃)

စစ်သားများ ရူးမတပ်ပင်။ ထိုဖြစ်ရပ်မှာ အလွန်ပင် အံ့သြစရာကောင်းလှ၏။

ပူလောင်နေသော ဒယ်အိုးထဲသို့ ရေတစ်ခွက်လောင်းထည့်လိုက်သကဲ့သို့ပင်။စစ်သားတိုင်း၏ ရင်ထဲတွင် စိတ်ဓာတ်တက်ကြွနေ၏။မိမိတိုင်းပြည်၏ ဘုရင်နှင့်အတူ တိုက်ခိုက်ရခြင်းကို အလွန်ပင်ဂုဏ်ယူကြ၏။ ရင်ထဲမှ ခံစားချက်များနှင့် အတူ ကျယ်လောင်စွာ တစ်ပြိုင်ထဲ အော်ဟစ်လိုက်ကြ၏။

"ဘုရင် အလတ်ဇန္ဓား ကျန်းမာပါစေ......"

အော်ဟစ်သံများမှာ ကျယ်လောင်လှသဖြင့် ဇူလီကျုံးတစ်ဖက်ကမ်းရှိ ရန်သူ့စခန်းသို့ပင်ရောက်သည်။

ဖှေးလဲ စစ်သားများနှင့်အတူ လိုက်လံအော်ဟစ်နေသည်။စစ်သားများကို သူ့အားအထင်ကြီးအောင်လုပ်နိုင်ခဲ့သည်မှာ အသေချာပင်။သူ၏အောင်ပွဲ အား ပိုခန်းနားအောင်လုပ်ရန် စစ်သားများကို တိတ်ဆိတ်ရန် လက်ဝှေ့ရမ်းပြီး အချက်ပြလိုက်၏။

စစ်သားများချက်ချင်းပင် တိတ်ဆိတ်သွား၏။
ဖှေး၏ အမိန့်ကို ဘုရားကဲ့သို့ပင် ကိုးကွယ်လိုက်နာကြသည်။ဖှေး ခံတပ်နံရံ၏ အလယ်အား လျှောက်သွားလိုက်သည်။ ထို့နောက်တွင် စစ်သားအားလုံးအားကြည့်ကာ ကြယ်သုံးလုံးအဆင့်ရှိ စစ်သည် လမ်ဒီ၏ ဓားအား ကိုင်မြှောက်ပြီး ကြွေးကြော်လိုက်သည်။

"ချမ်းဘော့ဒ် တိုင်းပြည် အဒွန့်ရှည်တည်တံ့ပါစေ...."

သွေးပေနေသောဓား၊ ပြိုင်ဘက်ကင်းသော သူရဲကောင်း၊ ရန်သူ့အလောင်းများ နောက်ခံနေဝင်ချိန်တို့မှာ စစ်သားများအားပို၍ စိတ်အားတပ်ကြွစေသည်။ သူတို့၏ လက်နက်များအား ကိုင်မြှောက်ကာ ဖှေးနှင့်အတူလိုက်ကြွေးကြော်ကြသည်။

"ချမ်းဘော့ဒ် တိုင်းပြည် အဒွန့်ရှည်တည်တံ့ပါစေ...."

စစ်သားများကြွေးကြော်နေစဥ် ဖှေးတစ်ဖက်သို့လှည့်ကာ ရန်သူ့စခန်းသို့ ဓားဖြင့် ညွှန်ပြကာ အော်ဟစ်လိုက်သည်။

"စစ်သားတို့ ငါနဲ့လိုက်အော်ကြ။ မင်းတို့ရဲ့ စောက်ပိန်းဆရာကို လီးပဲ။"

Hail the king(1-200)Where stories live. Discover now