67

734 81 2
                                    

Uni
======
Hail The King
အပိုင်း(၆၇) "မြေအောက်ရေ သံမဏိအကျဥ်းထောင်၏ နောက်ခံဇာတ်လမ်း"

ဖှေး လူရိုင်းဇာတ်ကောင်၏ ပုဆိန်ကြီးအား လက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သွေးများဖြင့်ပြည့်နှက်နေသော လေထုအတွင်းမှလေကို တဆုံးရှူလိုက်ပြီး သူ၏ အာရုံစူးစိုက်မှုအား အမြင့်ဆုံအနေအထားရောက်ရန်အတွက် ချိန်ညှိနေ၏။ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ခုလုံး အမြင့်ဆုံးအနေအထားသို့ ရောက်ပြီဆိုသော အခါမှ ဖှေး သူ၏အရှေ့တွင်ရှိသော သစ်သားတံကားကြီးကို ညာခြေဖြင့်ကန်ဖွင့်လိုက်တော့သည်။

သစ်သားတံခါး တစ်စစီကြွေလွှင့်သွားချိန်တွင်  နောက်ဆုံးခေါင်းဆောင်ကြီး အေဒရီရယ်၏ သားရဲတွင်းကို ဖှေးမြင်တွေ့လိုက်ရတော့သည်။

မဆုံးနိုင်သည့် အော်ဟစ်သံများစွာနှင့်အတူ မကောငျးဆိုးဝါးအမြျိုးအစား အများအပြား ဖှေးနှင့် အယ်လီနာတို့ထံ တိုးဝင်လာတော့သည်။ တစ်ချိန်တည်းမှာပင် စိတ်ကူး၍မရအောင်ပင် ကြီးမားလှသော ဖိအားကြီးတစ်ခုကိုလည်း သူတို့နှစ်ယောက်လုံးခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် လေထုတစ်ခုလုံးပင် သိပ်သည်းလာသည်။ ဖှေးနှင့် အယ်လီနာတို့၏ ရွှေ့လျားမှုများမှာ ရေအောက်သို့ရောက်နေသကဲ့သို့ နှေးကွေးသွား၏။ ဆိုးယုတ်သော စွမ်းအင်များမှာ ထင်မှတ်မထားနိုင်လောက်သည့်အထိပင်။

"သေကြစမ်း ကျူးကျော်ဝင်လာတဲ့သူတွေ....."

အော်ဟစ် ဟိန်းဟောက်လိုက်သံကြောင့် အခန်းတစ်ခုလုံးပင် တုန်ခါသွားသည်။ ပေးပတ်ဝန်းကြင်တွင်ရှိသော ရုပ်တုများစွာကြေမွကုန်သည်။ မြေပြင်တစ်ခုလုံး အက်ကွဲကုန်ပြီး ငရဲမှဖိတ်ခေါ်နေသကဲ့သို့ မီးများထတောက်လာသည်။

ထို့နောက်တွင် ၅ကိုက်ခန့်အမြင့်ရှိ နတ်ဆိုးသဏ္ဍန်တစ်ခု သူတို့နှစ်ယောက်၏ ရှေ့တွင်ပေါ်ပေါက်လာခဲ့သည်။

ထိုအရာမှာ နတ်ဆိုးတစ်ပိုင်းတစ်စဖြစ်နေသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမတွင် မင်သက်ဖွယ်ကောင်းလောက်အောင်ပင် လှပသည့် မျက်နှာတစ်ခုရှိ၏။ ကမ္ဘာပေါ်တွင် လှပပါသည်ဟုဆိုသည့်အရာအားလုံး သူမနှင့်ယှဥ်ပါက မှေးမှိန်သွားလောက်သည်ထိပင်လှပ၏။ သူမ၏မျက်နှာအား ဘုရားသခင်က မျက်နှာလိုက်ကာ ဖန်တီးထားသည်ဟုပင် ထင်ချင်စရာကောင်းလှ၏။ သို့သော် ထိုမျှလှပသော သူမ၏ မျက်နှာမှလွဲ၍ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးမှာ မကောင်းဆိုးဝါးခန္ဓာကိုယ်အစိတ်ပိုင်းများပင်။ ပို၍ သန်မာလာရန်အတွက် အေဒရီရယ်မှာ ငရဲမှစွမ်းအင်များကို လက်ခံရယူခဲ့သည်။ သူမ၏လှပသော လက်များမှာ ချွန်မြနေသည့် မကောင်းဆိုးဝါးလက်သည်းများဖြစ်လာခဲ့သည်။ သူမ၏ နောက်ကျောတွင် ရေဘဝဲကဲ့သို့ကြီးမားသည့် လက်တံကြီးလေးခုပါရှိ၏။ ထိတ်လန့်ဖွယ်အာရုံများမှာ သူမ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လျှက်ရှိသည်။

Hail the king(1-200)Where stories live. Discover now