119

588 72 1
                                    

Uni
=======
Hail The King
အပိုင်း(၁၁၉)

ပထမတွင်ဖှေးသည် ဤလူကောင်ကြီးကြီး ပန်းပဲဆရာကြီးများသည် သိပ်ပြီးခင်မင်တတ်သူများမဟုတ်ပဲ ချယ်စီအဖို့အနေရကြပ်နေမည်ဟု စိုးရိမ်နေခဲ့သည်။ သို့သော် ဝါသနာတူသော လူများ ခင်မင်ရင်နှီးရန်မှာ အလွန်လွယ်ကူပုံရ၏။

ဖှေး မှ ချယ်စီအား ပန်းပဲဆရာများကိုပထမဆုံးအကြိမ်စတင်မိတ်ဆက်ပေးစဥ်က ထိုပန်းပဲဆရာများသည် မယုံကြည်နိုင်ကြချေ။ သူတို့၏ မျက်လုံးထဲတွင် ချယ်စီကဲ့သို့အမျိုးသမီးမှာ ပူပြင်းသော မီးဖိုရှေ့တွင် ပန်းပဲထုရိုက်နေခြင်းထက် အိမ်ထဲတွင်နေကာ ဟင်းချက်၊ ကလေးများကိုစောင့်ရှောက်ခြင်းလုပ်သည်မှာ ပို၍ပင်သင့်တော်သည်ဟုမြင်မိကြသည်။ သို့သော် ချယ်စီမှာ ပေါင်၃၀၀ခန့်အလေးချိန်ရှိသော တူကြီးတစ်လက်အား အသုံးပြု၍ ဓားရှည်တစ်လက်ကို ဆယ်မိနှစ်အတွင်း ထုလုပ်ပြလိုက်ပြီးချိန်တွင် ချမ်းဘော့ဒ် ပန်းပဲဆရာများထိတ်လန့်အံ့သြကုန်ကြသည်။ သူတို့အားလုံးသည် ပန်းပဲပညာဖြင့် အသက်မွေးကြသူများဖြစ်သဖြင့် ချယ်စီ၏ လှုပ်ရှားမှုများကို ကြည့်လိုက်ရုံဖြင့် ချယ်စီသည် အလွန်ထူးခြားသည့် ပန်းပဲပညာရှင်တစ်ယောက်ဖြစ်ပြီး မယုံနိုင်ဖွယ်ကောင်းသော ပန်းပဲနည်းပညာများကိုပိုင်ဆိုင်ထားကြောင်း ချက်ချင်းပင်သိရှိလိုက်ကြသည်။ သူတို့အားလုံး ချယ်စီ၏ ပညာသင်တပည့်အဖြစ် ဖြစ်လိုလာကြသည်။

ဒိုင်ယာဘလိုကမ္ဘာမှ ချယ်စီသည် အေဇာရုတိုက်မှ ပန်းပဲဆရာများဖြင့် အကျွမ်းတဝင်ရှိလာခဲ့သည်။

ချမ်းဘော့ဒ် ပန်းပဲဆရာများနှင့် ချယ်စီပူပေါင်းပြီးနောက်တွင် မြေအောက်လိုဏ်ဂူအား ပြုပြင်မွမ်းမံနေသည့် အမြန်နှုန်းမှာ သိသိသာသာပင်တိုးတတ်လာခဲ့သည်။ ထောင်မှူးအိုလတ်ဂ်၏ တွက်ချက်မှုအရဆိုပါက ဆောက်လုပ်ရေး၏ ပထမအဆင့်မှာ လဝက်ခန့်ဖြင့်ပင်ပြီးမြောက်တော့မည်ဖြစ်သည်။

"နောက်လေးနာရီမှာ ပီးရာ့စ်၊ဒရော့ဂ်ဘာနဲ့ကျန်တဲ့စစ်သည်တွေကို ငါ့ကိုဒီကျောက်ခန်းမထဲမှာ လာတွေ့ဖို့ပြောလိုက်..."

Hail the king(1-200)Where stories live. Discover now