120

602 67 1
                                    

Uni
======
Hail The King
အပိုင်း(၁၂၀)

"ဟုတ်ကဲ့ ကျွန်တော့အတွက်ထိန်းသိမ်းစောင့်ရှောက်ပေးမှာ ဂုဏ်ယူစရာပါ...."

ဖှေးသည် မှော်တလင်းကျောက်များကို ဘုရားကျောင်းတွင်ထားရန်စီစဥ်နေသည်ကို ဇိုလာသိလိုက်ရသောအခါ အလွန်ဝမ်းသာသွားသည်။ ဤသည်မှာ အလွန်အရေးကြီးသည့်အလုပ်ဖြစ်သည်။ ထို့ကြောင့်ဖှေးမှာ သူ့အား ယုံကြည်လာပြီဟုထင်သောကြောင့်ပင်။

ဘုရားကျောင်းမှထွက်ပြီးနောက်တွင် ဖှေးသည်မဟူရာမုန်တိုင်းနှင့်အတူ တိုင်းပြည်ထဲတွင်လှည့်ပတ်ကြည့်ရှုနေသည်။ ထို့နောက်တွင် အနောက်ဘက် တောင်တန်းများရှိ မြေအောက်လိုဏ်ဂူအတွင်းသို့ပြန်လာခဲ့ကြတော့သည်။ တားမြစ်နယ်မြေတွင် တာဝန်ကျနေသောအစောင့်စစ်သည်များမှာ ပီတာအထူးရွေးချယ်ထားသည့် စစ်သည်များဖြစ်သည်။ သူတို့အားလုံး ရေရောထားသည့် ဟော့ခ်ဆေးပုလင်းအား သောက်သုံးထားကြသးများဖြစ်ကြသည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် သူ့အားကျောက်ခန်းမအတွင်းတွင် စိတ်ရှည်လက်ရှည်စောင့်နေကြသည်ကိုတွေ့ရသည်။

"အရှင်မင်းကြီး..."

ဖှေးရောက်ရှိလာသည်ကိုတွေ့သော အခါပီးရာ့စ်၊ဒရော့ဂ်ဘာနှင့် ကျန်စစ်သည်များသည် လေးစားမှုကိုဖုံးကွယ်မထားပဲ အရိုအသေပေးလိုက်ကြသည်။ အဇောရုတျိုကျပေါျတှငျ စွမ်းအားကြီးမားသူများကိုလေးစားအားကြသည်မှာ ထုံးစံပင်။

"အေးမေး ထလို့ရပြီ.."

ဖှေး တစ်ဖက်သို့လှည့်ကာ ခန်းမဆောင်အတွင်းရှိကျောက်ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး တစ်ယောက်ခြင်းစီအား လိုက်ကြည့်လိုက်သည်။

လူအားလုံး အရေးကြီးသည့်လေထုအား ခံစားမိလိုက်ကြသည်။

ဘုရင်သည် အရေးကြီးကိစ္စတစ်ခုခုအား ကြေငြာရန်ရှိပုံရ၏။

ရွှေရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး ဖှေး၏လက်ထဲတွင် ရွှေရောင်ဓားတစ်ချောင်းရောက်ရှိလာသည်။

"ဒီကျက်သရေရှိတဲ့ ဓားရဲ့နာမည်က အက်စ်ကာလီဘာပဲ...ဒီနေ့မင်းတို့ထဲက လူတစ်ယောက်ကို ငါဒီဓားချီးမြှင့်မလို့..."
ဖှေးထိုကဲ့သို့ပြောအပြီးတွင် သူ၏မျက်လုံးများသည် ပီးရာ့စ်ထံသို့ကျရောက်သွားသည်။

Hail the king(1-200)Where stories live. Discover now